မင်းအနားကို ဆက်ကပ်နေဖို့ ဘာမြင်ကွင်းမှ
ထပ်မရှိတော့
မင်းရဲ့အခန်းနံရံတွေကို မျှော်လင့်ခြင်းက ဖျက်ချခံရ
လူတစ်ယောက်ဟာ ညနေတွေနဲ့ဝေးအောင် ဘယ်လိုနေရမလဲ
ခြေစုံရပ်လိုက်တိုင်းမှာ မြေပြင်ဟာ လှုပ်ခါနေတယ်
မင်းရဲ့အခန်းနံရံတွေကို မျှော်လင့်ခြင်းက ဖျက်ချခံရ
လူတစ်ယောက်ဟာ ညနေတွေနဲ့ဝေးအောင် ဘယ်လိုနေရမလဲ
ခြေစုံရပ်လိုက်တိုင်းမှာ မြေပြင်ဟာ လှုပ်ခါနေတယ်
အဲ့ နှုတ်ခမ်းတွေဟာ suicide note လိုမျိုး
လှပပြီး
တစ်ယောက်ယောက်များ တစ်ခုခုပြောမလား ဝေဝါးနေတဲ့
အစိမ်းရောင်လမ်းတစ်ခုလို
နားထောင်ရင်းနဲ့ရပ်ပစ်လိုက်ရတဲ့ သီချင်း
ဘာလို့ဒီမြို့က စက္ကူပန်းတွေများရတာလဲ
အသက်ဓာတ်ဆက်ရုံ ကိုယ့်ကိုကိုယ် လှည့်ဖြားနေရတဲ့
အိပ်မက်တွေ သူ့သဘောအရ လင်းနေတဲ့
မနက်တစ်ခုသာသာ လွမ်းဆွတ်ခြင်း
သက်ဆိုင်မနေတဲ့ တိမ်တိုက်တွေကို
လက်လွှတ်လိုက်တဲ့ ရယ်မောမှု့လား
မင်း အထီးမကျန်တော့မယ့် နေ့လည်စာ စားချိန်တွေလို
မင်းဆီကနေထွက်ခွာဖို့ ငိုင်သွားရတဲ့ ပြတင်းတွေနဲ့
ငါမဟုတ်ခဲ့ ငါမဖြစ်ခဲ့ရတဲ့
မင်းရဲ့ ညတွေကို ကယ်တင်ခြင်းက
နေမကောင်းလိုက်ဖို့ လုံလောက်တဲ့မီးခိုးတွေပါပဲ
ဘယ်လို တိတ်ဆိတ်လိုက်ရမလဲ
နားလည်ရခြင်းနဲ့ မသိလိုက်ရတော့တဲ့
ထုံကျင်စကားလုံးတွေ
ကိုယ်ခန္ဓာ တစ်နေရာရာက နာကျင်နေမှပဲ
ငါ့စိတ်တွေက နေသာထိုင်သာရှိတော့တယ်
ဒီစာကြောင်းလို မျက်ရည်မျိုးဟာ
ငါ့ဆီမှာ အထပ်ထပ်အခါခါ
မြေနံ့