၁ တစ်ယောက်ယောက်နဲ့တစ်ခုခုမပြောခင်
Google ကြည့်တာ
၂ ပုံတစ်ပုံကိုမြင်ရတဲ့အခါ ကိုယ့်စိတ်ထဲ
ရောက်လာတဲ့ စကားတွေကို လူတွေကိုပြောဖို့
၃ မှတ်ဉာဏ် ကောင်းလွန်းမှန်း လူတွေမသိအောင်
ကြိုးစားနေထိုင်ခဲ့တဲ့နှစ်တွေ
၄ နာကျင်မှု့ကို အချိန်ဆွဲထားဖို့ ဘယ်
Pain Killer က ဘယ်နှစ်နာရီ ကူညီတယ်ဆိုတာ
၅ ဒါမှမဟုတ် Pain Killer ဘယ်နှစ်လုံးလောက်
ဆက်တိုက်သောက်မှ မနာကျင်တော့မှာလဲ
၆ ဆက်ပြောရရင် နာကျင်မှု့ကို ဆရာဝန်ဆီ
ဘယ်နှစ်ခေါက်နေမှ အမှန်အတိုင်းပြောဖြစ်တော့
၇ လူတစ်ယောက်ပြန်လာဖို့ လိုအပ်တာတွေက
၈ Only love can hurt like this အခုကြားနေရတဲ့
သီချင်းသံ
မြေနံ့