ဘာသာစကားတွေ ရောထွေးနေတဲ့ မနက်ခင်းတွေ နံကြားတွေက တဆင့်ဝင်လာတယ်
ငါတို့ နှုတ်ဆက်ရမယ်ဆိုတဲ့ လေတိုးဝှေ့သံက တိုးတိုးလေး အစပိုင်းတော့ အချိန်ပြည့်
နင့်ကိုတွေ့နေမှပေါ့ စိတ်ပျက်စရာလို့ တွေးလာမိအောင် မပြတ်တမ်း ကြည့်နေမိတဲ့
ကြယ်တွေ ဘောင်ခတ်ထားတုန်းပဲလား ငါ့အကြောင်း ဘာမှမရှိတဲ့ နာကျင်ဖွယ် အမှတ်တရတွေ
လူတစ်ယောက်ရဲ့ စကားတွေဟာ ငြင်းဆန်ခြင်းမဲ့ ဗလာအတိတ်တွေ စိတ်ရှုပ်ရလွန်းလို့
ဖျက်ချလိုက်တဲ့ ဆေးလုံးတွေ ငါ့ကို လုံးဝမထည့်ထားခဲ့တဲ့ ပုံပြင်တစ်ပုဒ် မိုးရွာနေတဲ့ ညတွေမှာ
နာကျင်နေတဲ့ စာရွက်အပိုင်းအစတွေ မနက်ဖြန်တွေဟာ ပြာကျသွားတဲ့ အနံ့အသက်တွေ ရလာ
ဖြေဆိုမှု့မဲ့ အခြားတစ်ဘက်က ဖုန်းခေါ်သံတွေ နားထောင်ဖို့
ကြိုးစားနေဆဲ
My immortal ဟာ သေသွားတဲ့ သီချင်းတစ်ပုဒ် နံရံ မျက်နှာကျက် ပြတင်း အပြုံးတချို့
အီမိုဂျီအသစ်တွေနဲ့ အရေပြားထဲက မျှော်လင့်ခြင်းအသေတွေ ဒဏ်ရာလို့ခေါ်ရင်
အရာရာ ဘာမှမရှိတော့ရင်တောင် နှုတ်ခမ်းတွေရဲ့ အိပ်မက်ကတစ်ဆင့်
ပို့နေဆဲ စာတိုအချို့ ပျောက်ကွယ်ပြီး ဘာမှ ဖြစ်လာဖို့မရှိတဲ့ ဝေးကွာခြင်း
နောက် လည်း နင့်ကိုချစ်တာပဲဆိုတဲ့ စိတ်တစ်ခုနဲ့ နင့်ကို ဆက်ချစ်နေအုံးမှာပါ.. ။
မြေနံ့
နင့်ကိုတွေ့နေမှပေါ့ စိတ်ပျက်စရာလို့ တွေးလာမိအောင် မပြတ်တမ်း ကြည့်နေမိတဲ့
My immortal ဟာ သေသွားတဲ့ သီချင်းတစ်ပုဒ် နံရံ မျက်နှာကျက် ပြတင်း အပြုံးတချို့