Past tense တွေက လေးလံမှု့တွေ
သယ်ဆောင်လာတယ်
မျက်နှာတွေကိုကျော်ပြီး အရိပ်တွေရှာရခြင်း
မင်းလက်ချောင်းလေးတွေကို
ဝေးကွာရခြင်းတွေ ရေတွက်လို့မရတော့
မေ့ထားရတာ တစ်နေရာရာမှာ
အသားကျသွားသလို နေလိုက်ရတာ
မနာကျင်စေမယ့် စကားလုံးတွေ ငါ့မှာမရှိတော့
မင်းရယ်သံတွေကိုမေ့ဖို့
ငါဖြတ်သန်းရအုံးမယ့် အမှောင်တွေ
ပေါ့ပါးသွားတာ ဘာမှမရှိတော့တာ
အဓိပ္ပါယ်တွေကော မျှော်လင့်ချက်တွေကော
တကယ်တော့ လွတ်မြောက်မသွားခဲ့ဘူး
ခံနိုင်တာထက်ပိုပြီး မင်းကိုအိပ်မက်ထဲ
ခေါ်ထားမိတဲ့ ငါ့ရဲ့စိတ်အမှားတွေလို
မြင်နေရရုံနဲ့ လိုလားမိခဲ့တဲ့ ဒဏ်ရာတွေပေါ့
မနာကျင်ရတာက ပိုကြောက်ဖို့ ကောင်းလာတော့
ဒီနာကျင်မှု့ထဲကို ရသလောက် ဆက်သွားဖို့
လေယာဉ်ပျံတွေကို မုန်းရတဲ့ ငါ့ရဲ့ယိုယွင်းမှု့တွေဟာ
မင်းဖြစ်စေချင်သလို ဖြစ်နေတာပဲ
ဒါတွေကိုကြည့်နေရတာ မင်းပျော်နေတယ်လို့
ငါ ယုံပြီးပဲထားလိုက်တော့တယ်
မြေနံ့
သယ်ဆောင်လာတယ်
မျက်နှာတွေကိုကျော်ပြီး အရိပ်တွေရှာရခြင်း
မင်းလက်ချောင်းလေးတွေကို
ဝေးကွာရခြင်းတွေ ရေတွက်လို့မရတော့
မေ့ထားရတာ တစ်နေရာရာမှာ
အသားကျသွားသလို နေလိုက်ရတာ
မနာကျင်စေမယ့် စကားလုံးတွေ ငါ့မှာမရှိတော့
မင်းရယ်သံတွေကိုမေ့ဖို့
ငါဖြတ်သန်းရအုံးမယ့် အမှောင်တွေ
ပေါ့ပါးသွားတာ ဘာမှမရှိတော့တာ
အဓိပ္ပါယ်တွေကော မျှော်လင့်ချက်တွေကော
တကယ်တော့ လွတ်မြောက်မသွားခဲ့ဘူး
ခံနိုင်တာထက်ပိုပြီး မင်းကိုအိပ်မက်ထဲ
ခေါ်ထားမိတဲ့ ငါ့ရဲ့စိတ်အမှားတွေလို
မြင်နေရရုံနဲ့ လိုလားမိခဲ့တဲ့ ဒဏ်ရာတွေပေါ့
မနာကျင်ရတာက ပိုကြောက်ဖို့ ကောင်းလာတော့
ဒီနာကျင်မှု့ထဲကို ရသလောက် ဆက်သွားဖို့
လေယာဉ်ပျံတွေကို မုန်းရတဲ့ ငါ့ရဲ့ယိုယွင်းမှု့တွေဟာ
မင်းဖြစ်စေချင်သလို ဖြစ်နေတာပဲ
ဒါတွေကိုကြည့်နေရတာ မင်းပျော်နေတယ်လို့
ငါ ယုံပြီးပဲထားလိုက်တော့တယ်