နင့်ကိုတွေ့နေမှပေါ့ စိတ်ပျက်စရာလို့ တွေးလာမိအောင် မပြတ်တမ်း ကြည့်နေမိတဲ့
My immortal ဟာ သေသွားတဲ့ သီချင်းတစ်ပုဒ် နံရံ မျက်နှာကျက် ပြတင်း အပြုံးတချို့
အရာရာဟာ ငါ့ စိတ် ကယောင်ခြောက်ခြားဖြစ်မှု့တွေကပဲ စခဲ့တာ တခြားသူနဲ့မျှဝေနေတဲ့ မင်းရဲ့ကောင်းကင်ကို လောဘတက်ခဲ့သလို တခြားသူဆီ မင်းသီဆိုနေတဲ့ သီချင်းတွေကို ငါ့ဘက်လို့ထင်မှားမိတာ သက်ဆိုင်သူရှိတဲ့ မင်းရဲ့ ပြတင်းမြင်ကွင်းတွေကို တိတ်တိတ်လေး သာယာမိပြီး ငါ့အတွက်မဟုတ်တဲ့ မင်းရဲ့စာသားတွေကို အရူးတစ်ယောက်လို ဘာသာပြန်မိတာ သူပျော်လို့ မင်းပျော်တဲ့အခါ ငါလိုက်ပျော်ရပြီး သူမရှိလို့ မင်းမပြုံးတော့တဲ့အခါ ငါ့မှာသွားစရာမဲ့ရသလိုမျိုး သူတစ်ခုခုဖြစ်ရင် ငါသေမှာဆိုတဲ့ မင်းစကားမှာ ငါတိတ်ဆိတ်ခဲ့ရပုံတွေကို ငါမေ့ချင်ယောင်ဆောင်ခဲ့မိတယ် ငါ့နောက်ကို ညနေတွေ အဆက်မပြတ်လိုက်လာနေတဲ့ အိပ်မက်ဆိုးတွေ လေလွင့်လူသီချင်းက ပုံမှန်ထက်ပိုဝမ်းနည်းစရာကောင်းလာတယ် မင်းကိုပြောမယ့် စကားတွေငါ့ဆီမှာ ငြိမ်သွားရတာပါပဲ မင်းထွက်ခွါသွားပုံဟာ အလှဆုံးပန်းချီကားအဖြစ်နဲ့ ငါ့ဆီမှာအမြဲချိတ်ဆွဲထားပြီး အခေါက်ခေါက်အခါခါငါပြိုလဲချင်ပေမယ့် စိတ်ပျောက်သူတစ်ယောက်အဖြစ်နဲ့ပဲ ငါ့နာကျင်မှု့ကို ငါသိုဝှက်ထားပုံက အထိတ်လန့်ရဆုံး ဆာလောင်မှု့တွေလို မင်းရဲ့ရင်ထဲဘာမှမဟုတ်တဲ့ ငါက မင်းရဲ့အရာရာကို မော်ကြည့်ဖို့ ဘယ်လိုများတွေးမလဲ ငါဘာမှ မတတ်နိုင်ခဲ့..
မိုးရွာနေတဲ့ညတွေကို ဆွဲပိတ်လိုက်ရတာပါပဲ.. ။
မြေနံ့
Wish You were Here - Neck Deep
ဝိရောဓိ
သောကြာ --- ၁၄
နောက်ဆုံးချိန်မှာ
အဲ့ဆံပင်တွေ ဘယ်လိုဖြစ်နေလဲ
ငါးတွေကို
စားရမှာ ရွံလာတယ်
တစ်ယောက်ယောက်ကို
တစ်နေ့နေ့မှာ
ပြန်ပြောပြဖြစ်မလား
မသေချာ
ဒီဇင်ဘာတွေဟာ
အိမ်ကထွက်သွားတဲ့လူတွေကို
ညနေရေပြင်တွေထဲ
သွားရှာရင်း
အော်မြည်နေတဲ့
အနံ့အသက်အချို့နဲ့
လွင့်ပျံသွားတဲ့
နေ့တစ်နေ့လိုမျိုး
Wish You were
Here - Pink Floyd
Wish You were Here - Incubus
အချိန်ဆိုတာ လူတွေသုံးစွဲလိုက်တဲ့ အထဲမှာ
မြေနံ့