Saturday, November 28, 2015

Crash – sum 41


"နင်နဲ့အတူ အသက်တွေကြီးသွားချင်တာ ဒါပေမယ့် အဲ့ဒါဟာ ဖြစ်လာမှာ မဟုတ်တော့ဘူး "

သူပိုက်ဆံတွေ ရေတွက်နေတုန်း သူ့ဘေးနားကနေ လေယာဉ်တစ်စင်းပြီး တစ်စင်း ဖြတ် ပျံ/ပြန် သွားကြတယ်သတိရတယ်ဆိုတာ နာကျင်မှု့မရပ်တဲ့ လက်ချောင်းထိပ်လေးတွေပဲ ဖြစ်လိမ့်မယ် သူချစ်ရတဲ့သူတွေအနား သူမရှိနိုင်ပဲ အဝေးဆိုတဲ့နေရာကနေ ရှင်သန်ဖြစ်ခြင်းမှာ လျှောက်နေကျလမ်းထဲ သစ်ရွက်တွေပိုကြွေတဲ့ ညနေတခုလို WTFတွေဟာများလွန်းနေခဲ့တယ် ကြယ်တွေဟာ မျက်နှာပျက်လို့ ပိတ် ပိတ်ပစ်လိုက်ရတဲ့ မျက်ရည်တွေနဲ့ ပန်းချီကားထဲက ကြောက်လန့်ခြင်းပြ အရောင်တွေ သူဆီလာစင်နေတယ် သွားတွေကချွန်တော့ ထိုးမိကုန်တယ်ဆိုတဲ့ စကားလေးကို msg box ထဲက ပြန်ရှာဖတ်မိချိန်တွေဆိုရင်တော့ တတ်နိုင်သလောက် ပြုံးဖြစ်တယ် ကိုယ့်ရဲ့ဝဠ်ပဲပေါ့ ကလေးရယ်လို့် သူရေရွတ်ရင်း သွေးစက်လက်တစ်ယောက်တည်း ညတွေကို ကျေနပ်နေလိုက်တာပါပဲ  သူ့ဘဝမှာ ဘာတွေမှ မဖြစ်မနေ မလိုတော့ တစ်နေ့တော့ ဆိုတာတွေလည်း သူ့မှာဖြစ်မလာနိုင်တော့ ဟိုးနေရာက အစိမ်းရောင်ရှု့ခင်းတွေပဲ ငေး ငေး ရင်း                  Alaska ဆီမရောက်တော့တဲ့ အိပ်မက်အပျက်တွေနဲ့ သူမရှိတော့ရင်တောင် သူရှိနေအုံးမယ် …

မြေနံ့
၂၆.၁၁.၂၀၁၅

ပြန်စာ


လူကောင်းမကောင်းမသေချာပေမယ့်
အခုတလော စိတ်မကောင်းတာတွေများနေတာတော့ အမှန်ပဲ
chandelier သီချင်းကော် miley cyrus ကိုနာကျင်နေတယ်ထင်မိတာနဲ့ကော်
already home mtv အဲ့လိုနဲ့ တခုပြီး တခုမှာ ဘာကို သတိရလို့ရမှန်းမသိတဲ့ စိတ်တွေနဲ့
ရေချိုးခန်းအကြောင်းလည်း အများကြီး စဉ်းစားဖြစ်နေတယ်
ဓားလှလှလေးတွေလည်း သဘောကျမိနေတယ်
ဆေးတွေတော့ မသောက်ဖြစ်တော့ဘူး
အရင်တုန်းက ရောဂါတွေ ပြန်ဖေါက်နေတယ်
ခြေထောက်ကိုက်တာတို့ ခေါင်းတခြမ်းကိုက်တာတို့ပေါ့
တခါတလေ ဘဝက ရယ်စရာကောင်းသလိုပဲ
ငါ့ အဘွားအသက် ၇၀ ကျော်မှ သုံးစွဲဖြစ်တဲ့ဆေးတွေကို ငါအခုအသက်နဲ့ သုံးနေရတယ်
ငါ့ အဘိုး အသက် ၇၀ ကျော် မှ လမ်းလျှောက်လို့ အဆင်မပြေစဖြစ်ပေမယ့်
ငါ့ မှာ တော့ စိတ်လှုပ်ရှားတိုင်း စိတ်မကြည်တိုင်း
ကိုယ့် ခြေထောက်ကို ကိုယ်ပြန်မခံစားနိုင်ဖြစ်တယ်
စိတ်အတက်အကျကိုလိုက်ပြီး သီချင်းအော်ဆိုသံတွေနဲ့
လူတွေတော့ ငါ့ကို ပျော်နေတယ် ထင်နေကျတယ်
ငါ့လည်း ငါ့ကိုယ်ငါ ပျော်နေတယ် ထင်ချင်တယ်
နာကျင်စရာတွေဟာ လုံလောက်သွားပြီမို့
အိမ်ကိုပြန်ကြပါစို့ ညီမလေး ဆိုတဲ့ စကားကို ခဏ ခဏ ကြားယောင်မိနေတယ်
နားတွေက တခုခုရောက်လာမှကြောက်နေကျတယ်
ဂေါက်ပြီးတော့ အတိတ်မေ့သလို ဘာလိုနဲ့ နောက်ဘဝထိ msg တွေလည်း ပို့မိတယ်
အိပ်မက်တွေထဲ ထိ ထိတ်လန့် နေမှု့တွေ ခြောက်ခြားလို့
အခုလောက်ဆို သိမှာပါ ငါအခုတလော ကဗျာလည်းပြန်ရေးဖြစ်နေတယ်

မြေနံ့
၁၄  ၁၀ ၂၀၁၅

Sunday, August 16, 2015

မျက်နှာကျက် အတွေး

အသက်ရှင်သန်ဖြစ်ဖို့အတွက် လူတစ်ယောက်လိုအပ်တဲ့အရာတွေဟာ ဘာတွေများလဲ
အိမ်က ဖုန်းဆက်လာတိုင်း တခုခုကို ထိတ်လန့်နေသလိုမျိုး
အိပ်မရတဲ့ညတွေမှာ အိမ်အကြောင်း အိပ်မက်တွေများကြီးမက်ပြီး
မနက်မိုးလင်း wtf အသံတွေနဲ့နိုးတော့မှ သူဟာ ငရဲထဲရောက်နေတာသတိရရင်း
သူ့ကိုယ်သူ နေမကောင်းဘူးထင်ပြီး တစုံတယောက်ဆီ မက်ဆေ့တွေပို့ဖို့ကြိုးစားတိုင်း
အချိန်တွေအကုန်မြန်မှာပါလို့ ရူးပြီးမျှော်လင့်ရခြင်းနဲ့ မိုးရေတွေထဲက လိပ်ပြာတစ်ကောင်လို
အသံတွေ သူ့ဆီမရောက်လာဖို့ လူသေတယောက်လို တိတ်ဆိတ်နေဖြစ်တဲ့ ကြောက်ရွံ့မှု့တွေ
အလွမ်းတွေဟာ မျက်လုံးတွေပွတ်နေမိချိန်မှာ အထီးကျန်ခြင်းနဲ့ ဆာလောင်စိတ်ဟာ
သူကြယ်တွေကို ဖျောက်ထားလို့ သူ အိမ်ကိုပြန်ရောက်ဖို့ ဝေးနေတယ်ဆိုတဲ့ အတွေးနဲ့
နင်ရယ်ဖြစ်ဖို့ပြောခဲ့တဲ့ ငါ့စကားတွေ ပင်လယ်လို မျက်ရည်တွေကျလို့ …


၁၆.၈.၂၀၁၅



Saturday, July 11, 2015

တပုဒ်လုံးမှာ နှုတ်ခမ်းတွေ


နောက်ဆုံးတော့ နင်ထွက်သွားလို့ ငါ ပျော်ခဲ့ရတယ် စကားနဲ့
ငါ့မျက်လုံးတွေ လောင်ကျွမ်းနေတာ သိရဲ့လား
မင်းစိတ်ထဲ ရှိတဲ့ ချိုချဉ်လေး ငါဖြစ်ချင်တာ
 နင်မရှိရင် ငါ ဟာ လေဟာနယ်ထဲ လွင့်နေတာပဲ
အမှောင်တွေထဲမရောက်ဖို့ ဘယ်လောက်ကြိုးစားနေပေမယ့် ငါ့စိတ်က မှောင်နေခဲ့ပြီး
ငါ့ကို ဘာလို့ ထားခဲ့မှာလဲလို့ မေးပါရစေ နှုတ်ဆက်စကားတွေ ငါမုန်းပါရစေငါ
 အမြဲတမ်းပြောလေ့ရှိသလို ငါ နင့်အတွက် ဖြစ်ချင်ရုံလေးဆိုတာ
နာကျင်နေတာမဟုတ်ဘူးလို့ စိတ်တင်းထားသမျှဟာ 
ခေါင်းတွေမော့ပြီးကြည့်နေလိုက်တဲ့ ကောင်းကင်ကြီးဟာ
ငါ ရူးနေလို့ နင်လာပြီး ကယ်ဖို့ လိုအပ်နေတာ
လူတွေရဲ့ မစာနာတဲ့ စကား တွေ နဲ့ ငါ လေးလံမနေချင်ဘူး
 မင်းကြောင့် ငါ ရိုင်းလိုက်တော့မှာ
ကိုယ့်ကိုကိုယ့် ေ-ာက်ရာမဝင်တဲ့ အပိုတစ်ယောက်လို ခံစားရခြင်းမှာ မောနေခဲ့ပြီး
မင်း က ငါ့ အတွက် မကောင်းခြင်းတွေပဲဖြစ်စေလို့  ကလေး ရယ် ငါ မင်းနဲ့ရှိပါရစေဆိုတာ
မင်းကြယ်တွေကို ငါမြင်နေရတာ  မင်းသိလာဖို့မျှော်လင့်ခြင်းနဲ့
ေ-ာက်ရေးမပါတဲ့ မျက်ရည်တွေကျပြီးတိုင်း နင့်ကို ပိုချစ်လာတာပဲ
နင့်ကို အမြဲလွမ်းနေမိမှာပဲ အရာရာထက် မင်းလေးက ငါ့ကိုပိုသိမှာပဲ 
ပိုနာကျင်စေမှာပဲ ပိုသက်သာစေမှာပဲ
အချစ်ဟာ မျက်ကန်းလို့ လူတွေပြောနေကြရင်း
မင်းမျက်နာတွေ့ပြီးနောက်မှာ ငါ နားလည်လာရတာတွေ များလို့
အသိစိတ်လွတ်နေတာနဲ့ နာကျင်နေတာဟာ ကွာခြားတယ်
ငါ ဟာ အမြဲမူမမှန်ခြင်းလား
 နင့်ရဲ့ ညတွေထဲ ငါ ကျနေရစ်တော့မှာ
မင်းရဲ့ လွဲချော်ခြင်းတွေမှာ ငါရှိတယ်လို့ပြောပေးခဲ့ပါ..


lana del rey စာသားများအား
မြေနံ့ ရေးချင်သလိုရေးသည်.. ၁၀.၇.၂၀၁၅

Sunday, May 17, 2015

စလိမ်


ငါ အမှားတခု လုပ်ခဲ့မိတာထင်တယ်
ခေါင်းလောင်းသံတွေမမြည်တာ အတော်ကြာနေသလို
ကျောခိုင်းနေတဲ့ သစ်ပင်တွေသာ မြင်နေရတယ်
စမ်းချောင်းတွေဆီ သွားမယ်ဆိုတဲ့ လက်ကလေးတွေ
ငါ့ကို ဥပေက္ခာပြုခြင်းနဲ့မှ အဆင်ပြေမယ်လို့ တွေးမိတိုင်း
ငါ့စိတ်တွေကို ငါ့စိတ်တွေနဲ့ပဲ နာကျင်စွာ ဆုပ်ညှစ်မိတယ်
သတိရခြင်းတွေကို အိပ်မက်တွေထဲ အလုံပိတ်ပြီး ပြုံးဖြစ်အောင်နေရင်း
တစုံတယောက်ရဲ့ မျက်လုံးထဲက ကြယ်တွေ
တစုံတယောက်ရဲ့ စကားတွေထဲက ပျံသန်းနေတဲ့ ဌက်တွေ
တစုံတယောက်ရဲ့ မေ့လျော့ခြင်းထဲမှာ ငါ ဟာ တိမ်တွေကို ကိုက်ဖြတ်ရမှာပဲ
အရင်အတိုင်းဆိုတာ ပြန်ဖြစ်လာပါအုံးမလား
မိုးတွေအမြဲ ရွာနေတဲ့ အရပ်တွေ ဆီ သွားရမယ်
ငါ အရမ်း အတူရှိနေချင်ခဲ့သမျှက ငါ့မှာ လုံးချေခံရတဲ့ စက္ကူတွေပဲ
ဘဝကို တိတ်တိတ်လေးပဲ သွားစေချင်ခဲ့တာ
သွေးထွက်လွန်မှု့တွေကို ဒီမှာတင် ရပ်ပစ်ချင်ပြီ..

၂၅.၁.၂၀၁၅

Iltwucamsb,bitch …


ဘာတွေဖြစ်နေမှန်းမသိဆိုတာနဲ့ ပါးစပ်တွေဟာ
အလိုလို အဝှက်ခံလိုက်ရတယ်
လူတွေရဲ့ လမ်းဖြတ်ကူးပုံကိုကြည့်ပြီး
သူတို့ရဲ့ ပျော်ရွှင်မှု့အတိုင်းအတာကို တွေးနေဖြစ်ရင်း
မိုးသံတွေဟာ ပြေးထွက်သွားခြင်းအတွက် အကာအကွယ်ဖြစ်မယ်ဆို
သီချင်းတွေညည်းနေတဲ့ ဌက်တစ်ကောင်ဟာ
တောင်တန်းတွေပေါ်က တိမ်တွေဆီ
သူချစ်ရတဲ့ ကြယ်တွေအကြောင်း ပြောဖြစ်လိမ့်မယ်
ထွက်ခွာသွားတဲ့လူတွေဟာ တနည်းမဟုတ် တနည်းနဲ့တော့ ပျော်နေနိုင်မှာပါ
အိမ်မက်တွေထဲက နူးညံ့တဲ့ လက်ချောင်းလေးတွေကို
အမှောင်တွေထဲကနေ မျက်ခြေမပြတ်ကြည့်ရင်း ရွံပစ်လိုက်ဖို့ ကြိုးစားရတာ
ဖြစ်နိုင်ရင် ပြတင်းပေါက်တွေကို မဖွင့်လိုက်ပါနဲ့
တစုံတယောက်ကို မြင်ရရင်
သူမျက်ရည်ကျမိလိမ့်မယ် …။

မြေနံ့
၂၃.၁၀.၂၀၁၄

အအယအအလကလ


ဘဝမှာ ထွက်ပြေးနေရတဲ့ အချိန်တွေ များလွန်းတယ် ဆန်ဒါ ပြည့်ချင်နေခဲ့တဲ့ ဆုတောင်းတွေဟာ တဖြည်းဖြည်း အဓိပ္ပါယ်မဲ့လာရင်း အိမ်ပြန်မရောက်တော့ဘူးလို့ပဲ ထင်နေမိတဲ့ လူကော် စိတ်ကော် မိုးမိတဲ့ညတွေမှာ ရယ်သံတွေဟာ ငိုသံတွေထက် ပို ဝမ်းနည်းနေပုံပေါ်နေတဲ့လူ အရာရာဟာ ထင်သလောက်မလွယ်ကူခဲ့ဘူး သတိရလွန်ရောဂါရဲ့ လက္ခဏာ မိုးတွေ နည်းနည်း သည်းလာရင် သူ့မှာလုပ်စရာက တယောက်ယောက်ကိုလာစေချင်လွန်းလို့ တံခါးတွေပိတ်လိုက်တာပါ သိရဲ့လား ကြာတော့လည်း ကြောက်ရမှာကိုတောင် ကြောက်နေခဲ့ပြီ ဆက်နေဖို့က ရင်တွေနာလွန်းနေခဲ့ပြီ အိပ်မက်ထဲက တစုံတယောက်ရဲ့ ဂျစ်ကန်ကန် အသံလေး သူ့ကို မတွေ့ချင်ဘူးဆိုတာ သူ မယုံချင်ယောင်ဆောင်နေတဲ့ အဖြစ်မှန်ကို လက်ခံလိုက်တဲ့ အခါ မျက်ရည်တွေ တော်တော်ကျတယ် တကယ်ဆို စောစောကတည်းက ရူးနေလိုက်ရမှာ ပြီးပြည့်စုံစွာနဲ့ လှပနေမယ့် အရုပ်လေးကို  အဝေးကြီးက လက်တွေက အိမ်ဆိုတဲ့ စကားလုံး စိတ်ချပါ နောက်မရှိစေဖို့ကို အသက်နဲ့လဲပြီး သည်းခံပါ့မယ်တဲ့ ဆန်ဒါ …  

၉.၆.၂၀၁၄