နောက်ဆုံးတော့ နင်ထွက်သွားလို့ ငါ ပျော်ခဲ့ရတယ် စကားနဲ့
ငါ့မျက်လုံးတွေ လောင်ကျွမ်းနေတာ သိရဲ့လား
မင်းစိတ်ထဲ ရှိတဲ့ ချိုချဉ်လေး ငါဖြစ်ချင်တာ
နင်မရှိရင် ငါ ဟာ လေဟာနယ်ထဲ လွင့်နေတာပဲ
အမှောင်တွေထဲမရောက်ဖို့ ဘယ်လောက်ကြိုးစားနေပေမယ့် ငါ့စိတ်က မှောင်နေခဲ့ပြီး
ငါ့ကို ဘာလို့ ထားခဲ့မှာလဲလို့ မေးပါရစေ နှုတ်ဆက်စကားတွေ ငါမုန်းပါရစေငါ
အမြဲတမ်းပြောလေ့ရှိသလို ငါ နင့်အတွက် ဖြစ်ချင်ရုံလေးဆိုတာ
နာကျင်နေတာမဟုတ်ဘူးလို့ စိတ်တင်းထားသမျှဟာ
ခေါင်းတွေမော့ပြီးကြည့်နေလိုက်တဲ့ ကောင်းကင်ကြီးဟာ
ငါ ရူးနေလို့ နင်လာပြီး ကယ်ဖို့ လိုအပ်နေတာ
လူတွေရဲ့ မစာနာတဲ့ စကား တွေ နဲ့ ငါ လေးလံမနေချင်ဘူး
မင်းကြောင့် ငါ ရိုင်းလိုက်တော့မှာ
ကိုယ့်ကိုကိုယ့် ေ-ာက်ရာမဝင်တဲ့ အပိုတစ်ယောက်လို ခံစားရခြင်းမှာ မောနေခဲ့ပြီး
မင်း က ငါ့ အတွက် မကောင်းခြင်းတွေပဲဖြစ်စေလို့ ကလေး ရယ် ငါ မင်းနဲ့ရှိပါရစေဆိုတာ
မင်းကြယ်တွေကို ငါမြင်နေရတာ မင်းသိလာဖို့မျှော်လင့်ခြင်းနဲ့
ေ-ာက်ရေးမပါတဲ့ မျက်ရည်တွေကျပြီးတိုင်း နင့်ကို ပိုချစ်လာတာပဲ
နင့်ကို အမြဲလွမ်းနေမိမှာပဲ အရာရာထက် မင်းလေးက ငါ့ကိုပိုသိမှာပဲ
ပိုနာကျင်စေမှာပဲ ပိုသက်သာစေမှာပဲ
အချစ်ဟာ မျက်ကန်းလို့ လူတွေပြောနေကြရင်း
မင်းမျက်နာတွေ့ပြီးနောက်မှာ ငါ နားလည်လာရတာတွေ များလို့
အသိစိတ်လွတ်နေတာနဲ့ နာကျင်နေတာဟာ ကွာခြားတယ်
ငါ ဟာ အမြဲမူမမှန်ခြင်းလား
နင့်ရဲ့ ညတွေထဲ ငါ ကျနေရစ်တော့မှာ
မင်းရဲ့ လွဲချော်ခြင်းတွေမှာ ငါရှိတယ်လို့ပြောပေးခဲ့ပါ..
lana del rey စာသားများအား
မြေနံ့ ရေးချင်သလိုရေးသည်.. ၁၀.၇.၂၀၁၅