Sunday, August 16, 2015

မျက်နှာကျက် အတွေး

အသက်ရှင်သန်ဖြစ်ဖို့အတွက် လူတစ်ယောက်လိုအပ်တဲ့အရာတွေဟာ ဘာတွေများလဲ
အိမ်က ဖုန်းဆက်လာတိုင်း တခုခုကို ထိတ်လန့်နေသလိုမျိုး
အိပ်မရတဲ့ညတွေမှာ အိမ်အကြောင်း အိပ်မက်တွေများကြီးမက်ပြီး
မနက်မိုးလင်း wtf အသံတွေနဲ့နိုးတော့မှ သူဟာ ငရဲထဲရောက်နေတာသတိရရင်း
သူ့ကိုယ်သူ နေမကောင်းဘူးထင်ပြီး တစုံတယောက်ဆီ မက်ဆေ့တွေပို့ဖို့ကြိုးစားတိုင်း
အချိန်တွေအကုန်မြန်မှာပါလို့ ရူးပြီးမျှော်လင့်ရခြင်းနဲ့ မိုးရေတွေထဲက လိပ်ပြာတစ်ကောင်လို
အသံတွေ သူ့ဆီမရောက်လာဖို့ လူသေတယောက်လို တိတ်ဆိတ်နေဖြစ်တဲ့ ကြောက်ရွံ့မှု့တွေ
အလွမ်းတွေဟာ မျက်လုံးတွေပွတ်နေမိချိန်မှာ အထီးကျန်ခြင်းနဲ့ ဆာလောင်စိတ်ဟာ
သူကြယ်တွေကို ဖျောက်ထားလို့ သူ အိမ်ကိုပြန်ရောက်ဖို့ ဝေးနေတယ်ဆိုတဲ့ အတွေးနဲ့
နင်ရယ်ဖြစ်ဖို့ပြောခဲ့တဲ့ ငါ့စကားတွေ ပင်လယ်လို မျက်ရည်တွေကျလို့ …


၁၆.၈.၂၀၁၅