ဘာတွေဖြစ်နေမှန်းမသိဆိုတာနဲ့ ပါးစပ်တွေဟာ
အလိုလို အဝှက်ခံလိုက်ရတယ်
လူတွေရဲ့ လမ်းဖြတ်ကူးပုံကိုကြည့်ပြီး
သူတို့ရဲ့ ပျော်ရွှင်မှု့အတိုင်းအတာကို တွေးနေဖြစ်ရင်း
မိုးသံတွေဟာ ပြေးထွက်သွားခြင်းအတွက် အကာအကွယ်ဖြစ်မယ်ဆို
သီချင်းတွေညည်းနေတဲ့ ဌက်တစ်ကောင်ဟာ
တောင်တန်းတွေပေါ်က တိမ်တွေဆီ
သူချစ်ရတဲ့ ကြယ်တွေအကြောင်း ပြောဖြစ်လိမ့်မယ်
ထွက်ခွာသွားတဲ့လူတွေဟာ တနည်းမဟုတ် တနည်းနဲ့တော့ ပျော်နေနိုင်မှာပါ
အိမ်မက်တွေထဲက နူးညံ့တဲ့ လက်ချောင်းလေးတွေကို
အမှောင်တွေထဲကနေ မျက်ခြေမပြတ်ကြည့်ရင်း ရွံပစ်လိုက်ဖို့ ကြိုးစားရတာ
ဖြစ်နိုင်ရင် ပြတင်းပေါက်တွေကို မဖွင့်လိုက်ပါနဲ့
တစုံတယောက်ကို မြင်ရရင်
သူမျက်ရည်ကျမိလိမ့်မယ် …။
မြေနံ့
၂၃.၁၀.၂၀၁၄