Sunday, September 22, 2013

Search box ကနေ …..ရဲ့ လက္ခဏာများဆိုတာ သူထပ်မရှာတော့ဘူး


ဘာမှမထူးတော့တာသိလိုက်တယ် စိတ္တဇက စိတ္တဇပဲ
ခံစားပျက်ယွင်းနေခြင်းကအချိန်မှန်သောက်ရေတခွက်
တစုံတယောက်ကိုမှချစ်လာတော့မှာမဟုတ်ဘူး
ဘယ်လူကမှရွံစရာထက်မပိုတော့
ကင်ဆာ …ကင်ဆာ…ကင်ဆာ…
တကယ်တော့အရာရာက အဲ့ဒီမှာ စတယ်
တခုခုကိုမြတ်နိုးတန်ဖိုးထားတတ်ချင်တယ်
ကြယ်တွေပဲဖြစ်ဖြစ်ဟိုဘက်လှည့်နေတာပဲဖြစ်ဖြစ် အမဲရောင်တွေပဲဖြစ်ဖြစ်…
စိတ်ရှုပ်ထွေးမှု့ကိုကဗျာနဲ့တိုင်းတာကြည့်နေတယ်
ပေါ်လာသမျှပုံရိပ်စကားလုံးတွေက 
တီးလုံးကြားတာနဲ့ ခေါင်းကိုက်လာတဲ့ careless whispear
ပြုံးပြမိလိုက်တာနဲ့အားလုံးဟာပျောက်သွားပါတယ်
လေတွေတက်လာတော့မှဆေးပုလင်းပြန်ကိုင်မိသမျှ
အစားအစာတွေဆီကနေပိုးသတ်ဆေးအနံတွေရလာတယ်
ရယ်လိုက်ငိုလိုက် ခဏ ခဏ ဖြစ်လာတယ်
ပြောချင်တာကခေါင်းတခြမ်းကိုက်လေ့ရှိသူတွေဟာ …..ဖြစ်ရန် ရာခိုင်နှုန်းနည်းပြီး
မီးအလင်းနဲ့အိပ်တတ်သူတွေဟာ …..ဖြစ်ရန် ရာခိုင်းနှုန်းများသတဲ့
ခန္ဓာကိုယ်ကကော်စိတ်ကကော် ဘယ်ရောဂါဆီရောက်နေလဲ သိတယ်
နောက်ဘယ်တော့မှထပ်ဖြစ်မလာစေရဆိုတာ
စောက်ရေးမပါတဲ့ လူနှစ်ယောက်ရဲ့ပလူးပလဲတချို့ကြောင့်
သေချာတယ် မင်းဟာ သူကြောင့်နေသာထိုင်သာရှိတယ်
သေချာတယ် မင်းဟာ သူကြောင့်
မြန်မြန်သေလေကောင်းလေဆိုတဲ့ စကားခဏ ခဏပြောတယ်
ရုပ်မဖျက်ပါဘူး စိတ်ကိုကရေမကြာမကြာနစ်နေလို့ စကားလုံးတွေ ပျက်သွားတာ
ထပ်ပြီးတော့ပဲ လျှို့ဝှက်ပါထပ်ပြီးတော့ပဲ ထွက်သွားပါ
ထပ်ပြီးတော့ပဲ ပြန်လာပါ ငါကဒီထက် ပိုမရူးနိုင်တော့ပါဘူး
ကြယ်တွေ
Memory stick ထဲက လူက ဟိုဘက်လှည့်ထိုင်နေဆဲ
ငါကခွေးတစ်ကောင်တော့မဟုတ်ပေမယ့်
နင် အမဲရောင် ဖြစ်နေချိန် လိုက်ဆွဲမိမလားပဲ…
ဒီကဗျာကို တစ်ရက်ထက် ပိုကြိုက်နေချင်တယ်…

မြေနံ့
၁၃.၄.၂၀၁၃