တစ်စုံတစ်ယောက်ရှိခဲ့ဖူးလား
လူမမြင်ဆူညံမှု့နဲ့
အိမ်စောစောပြန်ဖို့မျှော်လင့်နေခြင်းကတစ်ဝက်
တခုခုတော့သိစေချင်တဲ့ ဆန္ဒထဲ
နံရံတွေပဲရောက်လာတော့မှာလား
ဘယ်လိုနေလဲပြောပြချင်တယ်
သစ်ရွက်ကြွေတွေနဲ့ပဲ ပြုံးနေရတာ မြင်ကောင်းလား
စိတ်အတက်အကျ တွေက တယောသံထွက်ပါ့မလား
ရယ်လိုက်ရင် ဟာသ ပါပေါ့
လွန်ခဲ့တဲ့နှစ်တွေမှာနေတုန်း အဲ့တုန်းက စကားတွေပဲပြောနေတုန်း
စိတ်ကျရောဂါလည်း ဖြစ်ပေးလိုက်တယ်
မရေမတွက်နိုင်အောင် သွားလိုက် ပြန်လာလိုက် ပြန်သွားလိုက်
အရှက် … အကြောက် …
ဘာမှမသိဘူး
မျက်လုံးတွေကိုက်လာလောက်အောင် မျက်ရည်တွေကျနေရင်း
ညတွေဆို ထိတ်လန့်နေရမှု့သရုပ်ဖော်ပုံတွေဆွဲဖြစ်ခဲ့လား
ဘယ်မှာလဲ ပဲ မေးမိတယ်
တိတ်ဆိတ်တယ် မြုံထားရတယ်ပေါ့
သေချာတာက နာကျင်ရမှာပဲ
သေချာတာက ထားသွားနိုင်ရင် ထွက်ပြေးပေးရမှာပဲ
စိတ်တစ်ခုကိုဆွဲစုတ်လိုက်ချင်တယ်
A Message to the Unknown သီချင်းကို
ကျယ်ကျယ်လောင်လောင် လှောင်လိုက်ချင်တယ်
ဖြစ်နိုင်ရင် ထပ်အနာကျင်မခံပါနဲ့လို့ပဲ မှာချင်တယ်
အရာရာက မကြာခင် အကောင်းမြင်ဖို့ပဲဖြစ်လာတော့မှာ
သိပြီးသားပေါ့လို့ပြောဖြစ်နေခဲ့ပါတယ်… … … ။။
A Message to the Unknown … Bless the Fall
မြေနံ့
၃.၉.၂၀၁၃