ခက်တာပဲ သူ့စိတ်ကျချိန်တွေကို လူတစ်ယောက်ရဲ့စကားတွေနဲ့ ကျော်သွားချင်နေဆဲကို
စိတ်ရှိလက်ရှိပေါက်ကွဲဖို့တောင် စိတ်မရှိတော့ဘူးလား ဝေဒီ
မယုံရမှန်းသိခဲ့ပေမယ့် ယုံချင်ခဲ့တာ ယုံနေခဲ့သမျှ အဆုံးထိသိပြီးချိန်မှာ
အကောင်းဆုံးက Done for You သီချင်းနဲ့အတူ ခပ်ကျယ်ကျယ်ရယ်လိုက်ပါ
အနာကျင်စေဆုံးလူက အချစ်ဆုံးလူပဲဖြစ်နေမှာ
"လူတယောက်က လူတယောက်ကိုစောင့်နေခြင်းမှာ
ပြန်လာမယ်ဆိုတဲ့ကတိ မလိုဘူး
ပြန်လာမှာပါဆိုတဲ့အတွေးတွေ မပါဘူး
လိုနေမယ်ဆိုတာတွေလည်း မဟုတ်ဘူး
တချိန်ပျော်ရွှင်ရဖို့ကိုလည်း မမျှော်ဘူး
ဒီအတိုင်းပဲငါစောင့်နေမယ် ငါစောင့်နေတယ်"
စိတ်မကျန်းမာတဲ့လူတစ်ယောက်ရဲ့အခန်းမှာ အဲ့လိုရေးထားတယ်ဝေဒီ
I will save myself ဆိုပြီး ကားတိုက်သေသွားတာမျိုးတွေလည်းတွေ့ဖူးတယ်
ဝမ်းနည်းမှု့ကနေ အရောင်ပြောင်းသွားတဲ့ နာကျင်ရိုင်းစိုင်းမှု့တွေကို ငါသိပ်ကြောက်တယ်
ပျော်ရွှင်နေတဲ့လူတွေကိုကြည့်ပြီး ပြုံးရတဲ့အပြုံးတွေ ထပ်မတတ်နိုင်တော့ဘူး
မျက်ရည်တွေဟာ အလိုလို
ကြက်သီးထမှု့တွေ ဟာ အလိုလို
တခုခုကို ကိုက်ဖြတ်ချင်စိတ်တွေဟာ အလိုလို
ငါ့ကိုယ်ငါ အမှောင်ထဲ ထား ရ မှာကို မရဲတော့ဘူး ဝေဒီ
သူထင်သလို တချို့စကားတွေက ငါ ယောင်ပြီးပြောမိတာပဲ ဖြစ်ခဲ့ပါလိမ့်မယ်
ဟိုတုန်းကဆို သိပ်ပျော်စရာကောင်းခဲ့တာတွေနဲ့
ငြိမ်သက်ရုံပါပဲပေ့ါ … ။ ။
Done for You … Black veil Brides
မြေနံ့
၂၉.၉.၂၀၁၃