ပြတင်းပေါက်တွေလည်း ကိုယ့်စကား နားမထောင်တော့ဘူး
ပိုးဟပ်ဖြူလေးလည်း ကိုယ့်စကားနားမလည်တော့ဘူး
လူတယောက်နဲ့ပဲ ကိုယ်ရဲ့ချစ်ခြင်း ကုန်ခမ်းပြီးနောက်
မြွေတကောင် ကိုယ့်ကိုစိုက်ကြည့်နေပုံကသွေးနွေးလွန်းနေလို့...
အမှောင်တေွံဟာ ကိုယ့်ဆီ အကြော ဆွဲနေသူတယောက်လို
ဆန့်ငင်ဆန့်ငင် ရောက်လာမှာပဲ
ကိုယ်ကလက်ညိုှးတွေကိုက်လို့ မျက်ကြောတွေ လိုက်လို့
အားလုံးကို လုံးချေမှာပဲ မြိုချမှာပဲ ရယ်ပစ်လိုက်မှာပဲ
ကိုယ်နောက်ဆို ဘာမှမထိန်းသိမ်းထားတော့ဘူး...
တရက်နှစ်ရက်နဲ့များစွာ အိုမင်းသွားချင်တယ်
ကိုယ့်ကိုမရိုးသားသူလို့မြင်ခြင်းကို အခုကစ လက်ခံနိုင်ပြီ
အသက်ကယ်ဆေးပုလင်းတောင်မှ ကိုယ်အဖုံးဖွင့်လိုက်တော့
ဆေးမှု့န်တွေဆီကနေ မီးခိုးတွေပဲ လိမ့်တက်လာတယ်လေ
သွက်သွက်ကိုခါနေပြီပဲပြောတော့
ညဘက်မှန်ကြည့်ရမှာ ကြောက်ခြင်းနဲ့....
ကိုယ်ဘယ်သူ့မှမညာဘူး ဟုတ်တယ်
ကိုယ် စိတ္တဇ နာနေပြီ...
မြေနံ့
၁၈ ၂ ၂၀၁၃