Wednesday, April 3, 2013

ရှင့်ကိုပြောနေတဲ့ စာ/ကဗျာ/သွေး တွေ အားလုံး ကျွန်မ တို့လို့တန်းလန်း နဲ့ပဲ ရပ်ထားလိုက်ပြီ


ရှင့်ကိုပြောနေတဲ့ စာ/ကဗျာ/သွေး တွေ အားလုံး ကျွန်မ တို့လို့တန်းလန်း နဲ့ပဲ ရပ်ထားလိုက်ပြီ
sorry တောင်းပန်ပါတယ် ဟိုရက်ပိုင်းက ကျွန်မစိတ်တွေ အရမ်း နာကျင်/ရှုပ်ထွေး နေလို့ ကျွန်မနည်းနည်းအန်လိုက်မိတာ ကျွန်မအန်ဖတ်တွေကြောင့် စိတ်အနှောင့် အယှက်ဖြစ်သွားသေးလား တကယ် ကျွန်မ စိတ်လွတ်သွားမိလို့ပါ ကျွန်မအပြစ်ကြီးသွားမိတယ် ဒါပေမယ့် စိတ်မဖြစ်ပါနဲ့ရှင် အခုတော့ ကျွန်မအားလုံး အရင်လို ပြန်မျိုချနိုင်သွားပြီ ရှင့်ဆီမရောက်စေရတော့ပါဘူး ကျွန်မအိပ်စက်လို့ရသမျှ အိပ်နေတော့မှာ...
ရှင့် အစားအသောက်/အအိပ်အနေမှန်မှု့တွေက ကျွန်မနဲ့ကြိုးပျက်သွားတဲ့ ဂစ်တာ ရှင့်ရှင်သန်မှု့က ကျွန်မပါးစပ်က မီးခိုးငွေ့တွေပဲ ကျွန်မယုံပါတယ် သူမကရှင့်ကိုပျော်ရွှင်စေမှာ ရှင့် နှုတ်ခမ်းတွေ မျက်လုံးတွေ ရင်ဘတ်တွေ ပုခုံးတွေ လက်ချောင်းတွေအားလုံး ရှင့်ရဲ့သူမနဲ့အတူ အရေခွံသစ်လဲပါ ကျွန်မစကားလုံးတွေနဲ့ ရှင့်နှလုံးသားလည်း ရှင်အချိန်ယူ ရှင်းလင်းပါ အဲ့ဒီလိုအရာမျိုးလည်း ကြာတော့အေးစက်မှာပါ ဒါပေမယ့် ဖြည်းဖြည်းပဲလုပ်ပါ ဒါရှင့်အတွက်ပြောတာပါ ပြီးတော့ ကျွန်မ ဆန္ဒတွေကို ဖြည့်ပေးတဲ့အနေနဲ့ ရှင့်ဆန္ဒအတိုင်း လုပ်ဆောင်ဖို့ပါပဲ ကျွန်မကတော့ အိပ်စက်ဖို့ပဲ စိတ်ရှိတော့တာ...
...ကဲ...ကျွန်မအများကြီး ပြော/ရေး/ဝှက်/ရယ်/အောင်မြင်/ငို/ပြီးဆုံး ပြီးသွားပြီ...ကျွန်မသိပ်လည်း သေချာသွားပြီ ရှင်ဟာ လှုပ်ရှားရယ်မောနိုင်တဲ့ အရုပ်တစ်ရုပ် ဖြစ်သွားတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပေးပါတယ် ကျွန်မရဲ့ သက်မဲ့ ဝိဉာဉ်လေး အဆုံးသတ်လို့ ရအောင် ကြင်နာစွာ သွားသေခိုင်းတဲ့ အတွက်လည်း ကျေးဇူးတင်တယ် ကျွန်မ ရှင့်ကိုမမျှော်လင့်နိုင်တော့ဘူးပေါ့ ရှင်ဘယ်တော့မှ မမြင်နိုင်အောင်လည်း ကျွန်မကို ကျွန်မ ဖျောက်လိုက်ပါပြီ ကျွန်မရဲ့ အကြီးမားဆုံး အပြစ်/ဆန္ဒ/ပျော်ရွှင်မှု့ကတော့ ရှင့်ကို ကျွန်မရဲ့ သေခြင်းတရား မဖြစ်စေချင်/နိုင်ခဲ့တာပဲ သိရဲ့လား ရှင်ရယ် တကယ်တော့ ကျွန်မ အိပ်စက်ချင်နေခဲ့တာ သိပ်ကြာလွန်းခဲ့ပါပြီ...။...။

မြေနံ့