Sunday, September 29, 2013

ဘန်


ဒီ … တောထဲမှာ  …  စားစရာကစာရွက်တွေပဲရှိတော့  …  မျက်ရည်တွေကျလာလား  …  ရယ်နေတာ  … အဲ့ဒီလို/လောက် အိပ်တော့ နားတွေကိုက်  …  ကစားခံခဲ့ရခြင်းဟုတ်/မဟုတ်ကို  …  ဘယ်သီချင်းမှမရောက်တော့  …  သစ်ပင်များများစိုက်  …  လူထက်တိရစ္ဆာန်ကိုပို  …  ကြည့်လိုက်  …  တိမ်တွေကအလကားပဲတွေး  …  ရေတွေနဲ့အတူမျောသွား  …  ပိုးဟပ်အကြောင်း  …  ချစ်စရာက see ya'  …  အဲ့နေ့ကိုမမေ့ဖြစ်  …  စကားမပြောတတ်တော့  …  လိုင်းတွေအရမ်းကျတာ  …  ခရမ်းရောင်အဖြစ်ပြန်တွေ့  …  ၃ရက်မှာ  …  ပျော်ရွှင်မှု့လေးကအနက်ရောင်ကြိုက်တော့  …  ငါ့ကိုသာသတ်လိုက်တော့ဆိုပြီးပြော  …  အိပ်မက်တွေကိုကြောက်လို့ မအိပ်ရဲ့တော့  …  ဟုတ်ပါတယ် သင်းချိုင်းကုန်းပဲသွားတတ်  …  သိခဲ့ရဲ့လား မသေချာ  …  မရေအတွက်နိုင်အောင် ညတွေမိုးရွာရင်း  …  အဟတ်  …   အားလုံးက စောက်ပိုအနေနဲ့ပြီး  … … … ။

မြေနံ့
၂၆.၈.၂၀၁၃

ထွက်သွားမယ်ပြောတာငါပါ ကျန်ခဲ့တာလည်းငါပါပဲ


မဖြတ်ချင်သမျှသံယောဇဉ်တွေက ငါ့ကို အ နေစေတယ်
ညတွေဆိုနင်အိပ်ပျော်ပါ့မလားဆိုတဲ့အတွေးတွေနဲ့
ကြောက်တာနဲ့ ဝမ်းနည်းတတ်တာ နှစ်ခုပဲရှိတဲ့လူဟာ
သူ့စိတ်တွေ မိုးရေထဲမှာ လွှတ်ထားရင်း
နင့်ကိုတော့ မိုးရေတွေထဲ လမ်းပျောက်နေမှာ စိုးနေတုန်း
 နင့်ကောင်းကင်မှာ ငါ့ ကြယ်တွေမရှိတော့တာ သေချာပြီလား
တိမ်တွေလို နင်ပြန်လွင့်သွားပြီလား
နင့်အပြုံးတွေက ရင်ထဲက ဆို ငါ က ရပါတယ်ပေါ့
နံရံတွေထဲ ဝင်ထိုင်နေလိုက်ချင်တယ်
စိတ်ကမဟုတ်ပဲ ခန္ဓာကိုယ်တနေရာကပဲ နာနေချင်တယ်
အိပ်မက်ချစ်သူ သီချင်းမှာ မျက်ရည်တွေပါသွားတယ်
တကယ်တော့ ဘယ်သီချင်းမှ နားမထောင်တော့တာပဲ ကောင်းပါတယ်
မှားခဲ့တာငါပါပဲ
ငါ့လို မနာကျင်ပါနဲ့ ...။...။

မြေနံ့
၂၈.၉.၂၀၁၃

ဖြစ်နိုင်ရင် အစွဲအလမ်းမကြီးချင်ပါဘူး ဝေဒီ


ခက်တာပဲ သူ့စိတ်ကျချိန်တွေကို လူတစ်ယောက်ရဲ့စကားတွေနဲ့ ကျော်သွားချင်နေဆဲကို
စိတ်ရှိလက်ရှိပေါက်ကွဲဖို့တောင် စိတ်မရှိတော့ဘူးလား ဝေဒီ
မယုံရမှန်းသိခဲ့ပေမယ့် ယုံချင်ခဲ့တာ ယုံနေခဲ့သမျှ အဆုံးထိသိပြီးချိန်မှာ 
အကောင်းဆုံးက Done for You သီချင်းနဲ့အတူ ခပ်ကျယ်ကျယ်ရယ်လိုက်ပါ
အနာကျင်စေဆုံးလူက အချစ်ဆုံးလူပဲဖြစ်နေမှာ
"လူတယောက်က လူတယောက်ကိုစောင့်နေခြင်းမှာ
ပြန်လာမယ်ဆိုတဲ့ကတိ မလိုဘူး
ပြန်လာမှာပါဆိုတဲ့အတွေးတွေ မပါဘူး
လိုနေမယ်ဆိုတာတွေလည်း မဟုတ်ဘူး
တချိန်ပျော်ရွှင်ရဖို့ကိုလည်း မမျှော်ဘူး
ဒီအတိုင်းပဲငါစောင့်နေမယ် ငါစောင့်နေတယ်"
စိတ်မကျန်းမာတဲ့လူတစ်ယောက်ရဲ့အခန်းမှာ အဲ့လိုရေးထားတယ်ဝေဒီ
I will save myself ဆိုပြီး ကားတိုက်သေသွားတာမျိုးတွေလည်းတွေ့ဖူးတယ်
ဝမ်းနည်းမှု့ကနေ အရောင်ပြောင်းသွားတဲ့ နာကျင်ရိုင်းစိုင်းမှု့တွေကို ငါသိပ်ကြောက်တယ်
ပျော်ရွှင်နေတဲ့လူတွေကိုကြည့်ပြီး ပြုံးရတဲ့အပြုံးတွေ ထပ်မတတ်နိုင်တော့ဘူး
မျက်ရည်တွေဟာ အလိုလို
ကြက်သီးထမှု့တွေ ဟာ အလိုလို
တခုခုကို ကိုက်ဖြတ်ချင်စိတ်တွေဟာ အလိုလို
ငါ့ကိုယ်ငါ အမှောင်ထဲ ထား ရ မှာကို မရဲတော့ဘူး ဝေဒီ
သူထင်သလို တချို့စကားတွေက ငါ ယောင်ပြီးပြောမိတာပဲ ဖြစ်ခဲ့ပါလိမ့်မယ်
ဟိုတုန်းကဆို သိပ်ပျော်စရာကောင်းခဲ့တာတွေနဲ့
ငြိမ်သက်ရုံပါပဲပေ့ါ … ။ ။

Done for You … Black veil Brides
 
မြေနံ့
၂၉.၉.၂၀၁၃

Sunday, September 22, 2013

စကားလုံးတွေက စိတ္တဇဖြစ်စေတဲ့ မိုးစက်တွေ


တစ်စုံတစ်ယောက်ရှိခဲ့ဖူးလား
လူမမြင်ဆူညံမှု့နဲ့
အိမ်စောစောပြန်ဖို့မျှော်လင့်နေခြင်းကတစ်ဝက်
တခုခုတော့သိစေချင်တဲ့ ဆန္ဒထဲ
နံရံတွေပဲရောက်လာတော့မှာလား
ဘယ်လိုနေလဲပြောပြချင်တယ်
သစ်ရွက်ကြွေတွေနဲ့ပဲ ပြုံးနေရတာ မြင်ကောင်းလား
စိတ်အတက်အကျ တွေက တယောသံထွက်ပါ့မလား
ရယ်လိုက်ရင် ဟာသ ပါပေါ့
လွန်ခဲ့တဲ့နှစ်တွေမှာနေတုန်း အဲ့တုန်းက စကားတွေပဲပြောနေတုန်း
စိတ်ကျရောဂါလည်း ဖြစ်ပေးလိုက်တယ်
မရေမတွက်နိုင်အောင် သွားလိုက် ပြန်လာလိုက် ပြန်သွားလိုက်
အရှက် … အကြောက် …
ဘာမှမသိဘူး
မျက်လုံးတွေကိုက်လာလောက်အောင် မျက်ရည်တွေကျနေရင်း
ညတွေဆို ထိတ်လန့်နေရမှု့သရုပ်ဖော်ပုံတွေဆွဲဖြစ်ခဲ့လား
ဘယ်မှာလဲ ပဲ မေးမိတယ်
တိတ်ဆိတ်တယ် မြုံထားရတယ်ပေါ့
သေချာတာက နာကျင်ရမှာပဲ
သေချာတာက ထားသွားနိုင်ရင် ထွက်ပြေးပေးရမှာပဲ
စိတ်တစ်ခုကိုဆွဲစုတ်လိုက်ချင်တယ်
A Message to the Unknown သီချင်းကို 
ကျယ်ကျယ်လောင်လောင် လှောင်လိုက်ချင်တယ်
ဖြစ်နိုင်ရင် ထပ်အနာကျင်မခံပါနဲ့လို့ပဲ မှာချင်တယ်
အရာရာက မကြာခင် အကောင်းမြင်ဖို့ပဲဖြစ်လာတော့မှာ
သိပြီးသားပေါ့လို့ပြောဖြစ်နေခဲ့ပါတယ်… … … ။။

A Message to the Unknown …  Bless the Fall

မြေနံ့
၃.၉.၂၀၁၃

Search box ကနေ …..ရဲ့ လက္ခဏာများဆိုတာ သူထပ်မရှာတော့ဘူး


ဘာမှမထူးတော့တာသိလိုက်တယ် စိတ္တဇက စိတ္တဇပဲ
ခံစားပျက်ယွင်းနေခြင်းကအချိန်မှန်သောက်ရေတခွက်
တစုံတယောက်ကိုမှချစ်လာတော့မှာမဟုတ်ဘူး
ဘယ်လူကမှရွံစရာထက်မပိုတော့
ကင်ဆာ …ကင်ဆာ…ကင်ဆာ…
တကယ်တော့အရာရာက အဲ့ဒီမှာ စတယ်
တခုခုကိုမြတ်နိုးတန်ဖိုးထားတတ်ချင်တယ်
ကြယ်တွေပဲဖြစ်ဖြစ်ဟိုဘက်လှည့်နေတာပဲဖြစ်ဖြစ် အမဲရောင်တွေပဲဖြစ်ဖြစ်…
စိတ်ရှုပ်ထွေးမှု့ကိုကဗျာနဲ့တိုင်းတာကြည့်နေတယ်
ပေါ်လာသမျှပုံရိပ်စကားလုံးတွေက 
တီးလုံးကြားတာနဲ့ ခေါင်းကိုက်လာတဲ့ careless whispear
ပြုံးပြမိလိုက်တာနဲ့အားလုံးဟာပျောက်သွားပါတယ်
လေတွေတက်လာတော့မှဆေးပုလင်းပြန်ကိုင်မိသမျှ
အစားအစာတွေဆီကနေပိုးသတ်ဆေးအနံတွေရလာတယ်
ရယ်လိုက်ငိုလိုက် ခဏ ခဏ ဖြစ်လာတယ်
ပြောချင်တာကခေါင်းတခြမ်းကိုက်လေ့ရှိသူတွေဟာ …..ဖြစ်ရန် ရာခိုင်နှုန်းနည်းပြီး
မီးအလင်းနဲ့အိပ်တတ်သူတွေဟာ …..ဖြစ်ရန် ရာခိုင်းနှုန်းများသတဲ့
ခန္ဓာကိုယ်ကကော်စိတ်ကကော် ဘယ်ရောဂါဆီရောက်နေလဲ သိတယ်
နောက်ဘယ်တော့မှထပ်ဖြစ်မလာစေရဆိုတာ
စောက်ရေးမပါတဲ့ လူနှစ်ယောက်ရဲ့ပလူးပလဲတချို့ကြောင့်
သေချာတယ် မင်းဟာ သူကြောင့်နေသာထိုင်သာရှိတယ်
သေချာတယ် မင်းဟာ သူကြောင့်
မြန်မြန်သေလေကောင်းလေဆိုတဲ့ စကားခဏ ခဏပြောတယ်
ရုပ်မဖျက်ပါဘူး စိတ်ကိုကရေမကြာမကြာနစ်နေလို့ စကားလုံးတွေ ပျက်သွားတာ
ထပ်ပြီးတော့ပဲ လျှို့ဝှက်ပါထပ်ပြီးတော့ပဲ ထွက်သွားပါ
ထပ်ပြီးတော့ပဲ ပြန်လာပါ ငါကဒီထက် ပိုမရူးနိုင်တော့ပါဘူး
ကြယ်တွေ
Memory stick ထဲက လူက ဟိုဘက်လှည့်ထိုင်နေဆဲ
ငါကခွေးတစ်ကောင်တော့မဟုတ်ပေမယ့်
နင် အမဲရောင် ဖြစ်နေချိန် လိုက်ဆွဲမိမလားပဲ…
ဒီကဗျာကို တစ်ရက်ထက် ပိုကြိုက်နေချင်တယ်…

မြေနံ့
၁၃.၄.၂၀၁၃