Wednesday, April 3, 2013

ဒီည ကဗျာတစ်ပုဒ် အပြီးသတ်ရင်ကောင်းမလား စာတစ်ပုဒ် အရကျက်ရင်ကောင်းမလားဒါမှမဟုတ်စိတ်ထဲကအကြောင်းတစ်ခုကိုပဲစိမ်ပြေနပြေထိုင်တွေးရမလား

သူထမင်းစားရသေးမှာမဟုတ်ဘူး
ရုပ်သေ မျက်လုံး အသေနဲ့ သီချင်းအသေတွေမဆိုနဲ့
ညဘက်တွေ အိပ်ပါကွာ ပိန်လာပြီ နင်ပျော်ဖို့ နည်းနေအုံးမယ်
ဘယ်လိုမှ မသိသလို မဆိုင်သလို မနေပေးနိုင်တဲ့ စောက်ရူးတစ်ကောင်
ခင်ဗျားလက်တွေကို ဘယ်သူသောင်းကျန်းစေလို့လဲ...
မေ့သွားပြီ ပြောင်းသွားပြီ ထပ်ရမှာ မဟုတ်တော့တဲ့
စနေ တနင်္ဂနွေ တွေ အကြောင်း မပြောတော့ဘူး ပြောတာပဲပေါ့
ဒါပေမယ့် ကျုပ်အခု တစ်ခုသိချင်သေးတယ်
ခင်ဗျား ကျုပ်ကိုသိလား...
နှုတ်ခမ်းတွေလှုပ်ဖို့ တစ်ခုခုထပ်လိုအုံးမလား...
ပုတ်ခတ် ပုတ်ခတ် နဲ့ ပိတ်ဖွင့် တံခါးတစ်ချပ်မဟုတ်လည်း
လိုရင် လိုသလို ပိတ်ပေးလိုက် ဖွင့်ပေးလိုက်
ခင်ဗျား အဲ့သလိုပဲ စကားနည်း/ပြော သလားဆိုတာထက်
ခင်ဗျား ဒီထက် စကားနည်းနည်း များ/ပြော ရင် ပိုကောင်းမယ်
ဒါမှ မဟုတ် ခင်ဗျား ဒီမီးကိုမှုတ်လိုက်လို့
ကျုပ်ဘ၀ မှောင်သွားပေမယ့်
ပိုးဖလံ ကျုပ် အေးလည်းအေးသွားတယ်
ခင်ဗျား ခေါင်းမူးနေပြန်ပြီလား
တကယ်တော့ အဲ့သတ္တဝါတွေကို မချစ်နိုင်ရင်တောင်
ကြောက်တော့မကြောက်ပါနဲ့
ကဗျာကို အားနာလျက်...
ကျုပ် အခု စိတ်ရောဂါ အသစ် တစ်ခုနဲ့ စကားပြောနေပါတယ်...။

မြေနံ့
၂၇၊၁၊၂၀၁၃

အံ့သြစရာပဲ ခင်ဗျားရဲ့ ပျက်ယွင်းမှု့တွေက သိပ်မြန်ဆန်လွန်းတဲ့ ရောဂါဆန်းတစ်ခုလိုပဲ

အံ့သြစရာပဲ ခင်ဗျားရဲ့ ပျက်ယွင်းမှု့တွေက သိပ်မြန်ဆန်လွန်းတဲ့ ရောဂါဆန်းတစ်ခုလိုပဲ
လူလူချင်း ဆာလောင်မှု့တွေများလာတာက ခင်ဗျားနဲ့မဆိုင်တဲ့ အကြောင်းတရားလို့ပဲထား
ခင်ဗျားနဲ့ဆိုင်ရမှာက ခင်ဗျားတံတွေးတွေ မပြတ်သွားဖို့
ခင်ဗျား နှုတ်ခမ်းတွေ ဒီထက်ပိုမသေလာဖို့
ခင်ဗျားမျက်လုံးအနားတစ်ဝက်မှာ အခုထက်ပိုမညိုလာဖို့ ပဲ
သူများတွေ ရယ်မောပျော်ရွှင်နေတာကိုလည်း ခင်ဗျားဆန့်ငင် ဆန့်ငင် သွားကြည့်ချင်မနေနဲ့
ခင်ဗျားကြည့်ရမှာက ဆေးတွေ အကုန်မြန်နေပေမယ့် ခင်ဗျားမသက်သာသေးတဲ့ကိစ္စ
ဆေးပုလင်းအခွံတွေ ကြည့်ရင်း အရင်လိုပြန်ဖြစ်ပါ့မလားဆိုတဲ့ ကိစ္စတွေပဲ
ခေါင်းမမာချင်စမ်းပါနဲ့ အခုက ခင်ဗျားတစ်ခုခုကို ငွေ့ငွေ့လေး ပြုံးပြဖို့ အားတောင်ရှိသေးရဲ့လား
အိပ်ပျော်အောင် အိပ်ဖို့ပဲစဉ်းစား ကျုပ်က ခင်ဗျားအခြေအနေအရ အရူးဆေးပေးမှဖြစ်တော့မယ်
ခင်ဗျားသွက်သွက်ခါအောင် ငို/ကြောက်ရတဲ့ ဟာသလေ...အရူးဆေး...အရူးဆေး...အရူးဆေး...
sorry sorry ကျုပ်နည်းနည်းလွန်သွားတယ် စိတ်မပူပါနဲ့
ကျုပ်ခင်ဗျားကိုတစ်ယောက်တည်း လမ်းလျှောက်နည်း သင်ပေးမယ်
ဘယ်သူ့မှဂရုမစိုက်တာတောင် ရှောင်/ပြေး/ပုန်း နေကျဖြစ်တဲ့
ခင်ဗျားစိတ်ကိုလည်း ကျုပ် ဖြေပေးချင်ပါတယ်
စိတ်ပူပန်/ဖိစီး/ညစ်ညူးနေတဲ့ ခင်ဗျားရုပ်ကိုလည်းပြင်ပေးမယ်
ပြီးတော့ တဖြည်းဖြည်းနဲ့ ခင်ဗျားစကားပြောတတ်အောင် ကျုပ်ခေါ်သွားမယ်
အဲ့ဒီတော့ ဦးဆုံးအနေနဲ့ ခင်ဗျားလုပ်ရမှာက မျက်လုံးတွေမှိတ် စိတ်တွေပိတ်ပြီး အိပ်ဖို့ပါပဲ
အိပ်လိုက်ပါတော့ကွယ်...
မြေနံ့
၃.၁.၁၃

အားလုံးပြီးသွားတဲ့နောက်ငါကဗျာတစ်ပုဒ်လိုပဲ ရေးလိုက်တော့မယ်

(1) 3/9/10
(2) 19/9/10
(3) 26/9/10
(4) 17/10/10
(5) ...3/12/10...
(6) 12/12/10
(7) 14/12/10
(8) ...29/1/11...
(9) 20/2/11
(10) 27/2/11
(11) 5/3/11
(12) 26/3/11
(13) 14/5/11
(14) 21/5/11
(15) 5/6/11
(16) 12/6/11
(17) 31/7/11
(18) 14/8/11
(19) 17/9/11
(20) 24/9/11
(21) 1/10/11
(22) 15/10/11
(23) 22/10/11
(24) 29/10/11
(25) 5/11/11
(26) 20/11/11
(27) 26/11/11
(28) 27/11/11
(29) ...3/12/11...
(30) 10/12/11
(31) 17/12/11
(32) 31/12/11
(33) 14/1/12
(34) 15/1/12
(35) 21/1/12
(36) 22/1/12
(37) ...29/1/12...
(38) 4/2/12
(39) 5/2/12
(40) 12/2/12
(41) 26/12/12
(42) 2/3/12
(43) 10/3/12
(44) 29/3/12
(45) 12/5/12
(46) 20/10/12
(47) 13/11/12

မြေနံ့
၁၈.၁၂.၁၂

ရှင့်ကိုပြောနေတဲ့ စာ/ကဗျာ/သွေး တွေ အားလုံး ကျွန်မ တို့လို့တန်းလန်း နဲ့ပဲ ရပ်ထားလိုက်ပြီ


ရှင့်ကိုပြောနေတဲ့ စာ/ကဗျာ/သွေး တွေ အားလုံး ကျွန်မ တို့လို့တန်းလန်း နဲ့ပဲ ရပ်ထားလိုက်ပြီ
sorry တောင်းပန်ပါတယ် ဟိုရက်ပိုင်းက ကျွန်မစိတ်တွေ အရမ်း နာကျင်/ရှုပ်ထွေး နေလို့ ကျွန်မနည်းနည်းအန်လိုက်မိတာ ကျွန်မအန်ဖတ်တွေကြောင့် စိတ်အနှောင့် အယှက်ဖြစ်သွားသေးလား တကယ် ကျွန်မ စိတ်လွတ်သွားမိလို့ပါ ကျွန်မအပြစ်ကြီးသွားမိတယ် ဒါပေမယ့် စိတ်မဖြစ်ပါနဲ့ရှင် အခုတော့ ကျွန်မအားလုံး အရင်လို ပြန်မျိုချနိုင်သွားပြီ ရှင့်ဆီမရောက်စေရတော့ပါဘူး ကျွန်မအိပ်စက်လို့ရသမျှ အိပ်နေတော့မှာ...
ရှင့် အစားအသောက်/အအိပ်အနေမှန်မှု့တွေက ကျွန်မနဲ့ကြိုးပျက်သွားတဲ့ ဂစ်တာ ရှင့်ရှင်သန်မှု့က ကျွန်မပါးစပ်က မီးခိုးငွေ့တွေပဲ ကျွန်မယုံပါတယ် သူမကရှင့်ကိုပျော်ရွှင်စေမှာ ရှင့် နှုတ်ခမ်းတွေ မျက်လုံးတွေ ရင်ဘတ်တွေ ပုခုံးတွေ လက်ချောင်းတွေအားလုံး ရှင့်ရဲ့သူမနဲ့အတူ အရေခွံသစ်လဲပါ ကျွန်မစကားလုံးတွေနဲ့ ရှင့်နှလုံးသားလည်း ရှင်အချိန်ယူ ရှင်းလင်းပါ အဲ့ဒီလိုအရာမျိုးလည်း ကြာတော့အေးစက်မှာပါ ဒါပေမယ့် ဖြည်းဖြည်းပဲလုပ်ပါ ဒါရှင့်အတွက်ပြောတာပါ ပြီးတော့ ကျွန်မ ဆန္ဒတွေကို ဖြည့်ပေးတဲ့အနေနဲ့ ရှင့်ဆန္ဒအတိုင်း လုပ်ဆောင်ဖို့ပါပဲ ကျွန်မကတော့ အိပ်စက်ဖို့ပဲ စိတ်ရှိတော့တာ...
...ကဲ...ကျွန်မအများကြီး ပြော/ရေး/ဝှက်/ရယ်/အောင်မြင်/ငို/ပြီးဆုံး ပြီးသွားပြီ...ကျွန်မသိပ်လည်း သေချာသွားပြီ ရှင်ဟာ လှုပ်ရှားရယ်မောနိုင်တဲ့ အရုပ်တစ်ရုပ် ဖြစ်သွားတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပေးပါတယ် ကျွန်မရဲ့ သက်မဲ့ ဝိဉာဉ်လေး အဆုံးသတ်လို့ ရအောင် ကြင်နာစွာ သွားသေခိုင်းတဲ့ အတွက်လည်း ကျေးဇူးတင်တယ် ကျွန်မ ရှင့်ကိုမမျှော်လင့်နိုင်တော့ဘူးပေါ့ ရှင်ဘယ်တော့မှ မမြင်နိုင်အောင်လည်း ကျွန်မကို ကျွန်မ ဖျောက်လိုက်ပါပြီ ကျွန်မရဲ့ အကြီးမားဆုံး အပြစ်/ဆန္ဒ/ပျော်ရွှင်မှု့ကတော့ ရှင့်ကို ကျွန်မရဲ့ သေခြင်းတရား မဖြစ်စေချင်/နိုင်ခဲ့တာပဲ သိရဲ့လား ရှင်ရယ် တကယ်တော့ ကျွန်မ အိပ်စက်ချင်နေခဲ့တာ သိပ်ကြာလွန်းခဲ့ပါပြီ...။...။

မြေနံ့

၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်

၁၁ နာရီခွဲက နီးလာလိုက် ဝေးသွားလိုက်...
ပေါက်ကွဲမှု့ထဲက ရှင်ကျန်သူအဖြစ် လူပြောသူပြောများနေပေမယ့်
ခင်းဗျားရဲ့သွက်ချာပါဒလိုက်လာမှု့တွေကျုပ်သိနေတယ်
မအိပ်ပဲအိပ်ပျော်နေတဲ့ညတွေကိုစိတ်ကုန်လာပြီဆို
မီးရောင် လိုအပ်/ရှာဖွေနေပေမယ့် မီးရောင်တွေ့ရတိုင်း 
ဝေဝါး/မျက်ရည်ကျရတဲ့မျက်လုံးလို
အစိမ်းရောင်စာတစ်ကြောင်းပေါ်လာဖို့ ဒါမှမဟုတ်
သူ့ဝုန်းဒိုင်းကြဲမှု့တွေထိုင်ကြည့်ဖို့
ဘာမှမရှိတာတွေနဲ့ လုံလောက်နေလည်း
အသံတွေကြောင့် အသံတွေနဲ့ နားကိုပြဿနာမရှာပါနဲ့...
အထီးကျန်သူတွေရဲ့ အပြုအမူ အသံတစ်သံကြားနေရတယ် ခပ်ဝေးဝေးက
သူ့ဆီပြေးသွားလိုက်ရင် ပျောက်သွားပြီး 
ကျောခိုင်းလိုက်ရင်ပြန်ဟာသွားစေတယ်
သူပျော်ဖို့ပဲခင်ဗျားဖြစ်နေတာဆို
သိပ်လှတဲ့ စကားတွေပြော သတ်သမျှကိုခံလို့
တစ်ယောက်ယောက်တော့ရှိမှာပါလို့တွေးမိချိန် ခင်ဗျားရှိနေဖို့
ဆန္ဒရှိတဲ့အချိန် အချိန်ထိ အသေကောင်လိုနေဖို့
တလွဲတော့ ထပ်မတွေးပါနဲ့ ကျုပ်ခင်ဗျားကိုပြောနေ/မိသမျှက
ကျုပ် ခင်ဗျားကို ပြောမိ/နေတာမဟုတ်ပါဘူး...

မြေနံ့
၁.၁.၂၀၁၃

ကျမကို ကော်ဖီ ဖျော်ခိုင်းပါ...


ရှင် အခု ဘယ်မှာလဲ ဆိုတဲ့မေးခွန်းတွေ 
ကျမလက်တွေက အော်နေတာ ကြားရဲ့လား
ကျမ ရက်ပေါင်းများစွာ လေတွေတက်နေတယ်
ချဉ်စုတ်စုတ်အနံ့တွေ စူးရှရှအလင်းတွေ
စပ်ဖျဉ်းဖျဉ်း ဒရွတ်ဆွဲမှု့တွေ...
ကျမမျက်လုံးတွေဟာ ရှင့်မိုးစက်တွေ 
အကြောင်းကြားဖို့ကို မျှော်လင့်နေကြရဲ့...
မဟုတ်ကဟုတ်က ဖြစ်ဖြစ် ဟုတ်ကဟုတ်က ဖြစ်ဖြစ်
စားလုံးတွေရဲ့ စီရင်မှု့မှာ ရှင့်အခန်းကြီးကျမမြင်နေရပြီး
ကျမရိုးသားခဲ့ပါတယ်ဆိုတာကို 
ရှင့်နား နားကပ်ပြီး တိုးတိုးလေး အော်ပါရစေ
ရှင့်ဂစ်တာလေးမှာ ကျမအတွက် 
နှုတ်ခမ်းမွှေးတိုစစလေးထားပေးပါ...
ရှင်ဟာ ကျမကို နိုးထစေတဲ့ စိတ္တဇသီချင်းလေး တစ်ပုဒ်လည်းဖြစ်ရဲ့...
တစ်နှစ်ထက်တစ်နှစ် ရှင်ဟာပိုမိုနုပျိုလာရင်းနဲ့ ကျမကိုအိုမင်းစေတယ်
ကျမရှက်လည်းရှက်ပါတယ် ကျမရှင့်အိမ်က 
ခြေသုတ်ခုံလေးကိုပြန်တောင်းပန်ချင်နေတယ်
ကျမကိုက်ခဲမှုတွေ ဖုန်ထူညစ်ပတ်ကြယ်တွေ... 
ရှင့်ရဲ့ အစိမ်းရောင်ဖြစ်မှုတွေနဲ့မှ
အော်ဟစ်ချင်ပေမယ့် ကျမရှင့်ရဲ့သေမင်းအဖြစ်ပဲ လိုချင်တယ်...
Give me NOVAICANE...
ကျမရှင်နဲ့တွေ့ရင် ပြောမှာပါ
ကျမကို ကော်ဖီဖျော်ခိုင်းပါ


Give me novaicane... song of greenday

မြေနံ့
၂၄/၁/၂၀၁၃

ကိုယ် အရှုံးပေး/အနိုင်ရ လိုက်ပါပြီကွယ်

      
မခံစားနိုင်ပေမယ့် ကိုယ်ခံစားလိုက်ပါတယ်
မထားခဲ့နိုင်ပေမယ့် ကိုယ်ထားသွားလိုက်ပါမယ်
သီချင်းတွေလည်း ထပ်မလိုတော့တာ
ကိုယ်ရဲ့ စိတ်ယားယံမှု့တွေလည်း ထပ်မဖြစ်တော့မှာ
ကိုက်ခဲမှု့တွေကိုလည်း ကိုယ်အပြုံးမပျက်ပဲ ကြည့်မိတော့တယ်
 မုန်းယိုနာကျင်နေတဲ့ အရူးတယောက်လို
ကိုယ့်ကိုသဘောထားကြည့်မယ် မျက်ဝန်းတွေ လည်း ကိုယ်ကြိုဆိုပါတယ်ပေါ့
ဘယ်လိုသဘောထားမျိုးနဲ့ ကိုယ့်ကိုတက်နင်းလည်း ရပါတယ်ပေါ့
ကိုယ့်အားနည်းချက်တွေကိုရယ်ပြီး ဘယ်လိုနာမည်ပဲတပ်တပ် ဖြစ်ပါတယ်ပေါ့
ကိုယ်လူ့အဖွဲ့အစည်းအကြောင်း
သိပ်မတွေး တတ်/ချင် ပါဘူး
ကိုယ်လူတွေနဲ့ စကားပြောရခက်နေတာ ကိုယ့်ငြီးငွေ့မှု့ကြောင့်လား….
ကိုယ့်ကြောက်ရွံမှု့ကြောင့်လား…
ကိုယ်အချိန်တိုင်း အိပ်ချင်နေတာ ရောဂါ တခုခုကြောင့်ပဲတဲ့
 တခါတလေတော့ ကိုယ်မပြောတဲ့ စကားတွေ ကိုယ်ပြောရတာကိုပျော်လို့
ကိုယ်ပြောလို့ရသမျှ စကားအကုန်လုံးက ကိုယ်ဘာမှမပြောတော့တာပဲပေါ့
ကိုယ်ဘယ်သူ့ဆီမှ မသွားခဲ့သလို တယောက်ယောက် ကိုယ့်ဆီ လာဖို့လည်း မမျှော်ဘူးလေ
ကိုယ်လည်းရှင်သန်ဖို့အတွက်သေနေတာပါပဲ ဒါကြောင့် ကိုယ်သေပြီးရင်တော့ ရှင်သန်မှာပါ
  အားးးးး ကိုယ့်ခေါင်းတွေ တကယ်မခံနိုင်တော့ဘူး
အသိရှိနေသေးရဲ့လား ပြန်စမ်းလို့မရတော့ဘူး
ကိုယ်သတိရသလောက်တော့ ချရေးလိုက်ပါတယ်
မခံစားနိုင်ပေမယ့် ကိုယ်ခံစားလိုက်ပါတယ်
မထားသွားနိုင်ပေမယ့် ကိုယ်ထားသွားလိုက်ပါတယ်

မြေနံ့

ကိုယ့်လက်မှာ မိုးတွေရွာနေတယ်

ပြတင်းပေါက်တွေလည်း ကိုယ့်စကား နားမထောင်တော့ဘူး
ပိုးဟပ်ဖြူလေးလည်း ကိုယ့်စကားနားမလည်တော့ဘူး
လူတယောက်နဲ့ပဲ ကိုယ်ရဲ့ချစ်ခြင်း ကုန်ခမ်းပြီးနောက်
မြွေတကောင် ကိုယ့်ကိုစိုက်ကြည့်နေပုံကသွေးနွေးလွန်းနေလို့...
အမှောင်တေွံဟာ ကိုယ့်ဆီ အကြော ဆွဲနေသူတယောက်လို
ဆန့်ငင်ဆန့်ငင် ရောက်လာမှာပဲ
ကိုယ်ကလက်ညိုှးတွေကိုက်လို့ မျက်ကြောတွေ လိုက်လို့
 အားလုံးကို လုံးချေမှာပဲ မြိုချမှာပဲ ရယ်ပစ်လိုက်မှာပဲ
ကိုယ်နောက်ဆို ဘာမှမထိန်းသိမ်းထားတော့ဘူး...
တရက်နှစ်ရက်နဲ့များစွာ အိုမင်းသွားချင်တယ်
ကိုယ့်ကိုမရိုးသားသူလို့မြင်ခြင်းကို အခုကစ လက်ခံနိုင်ပြီ
အသက်ကယ်ဆေးပုလင်းတောင်မှ ကိုယ်အဖုံးဖွင့်လိုက်တော့
ဆေးမှု့န်တွေဆီကနေ မီးခိုးတွေပဲ လိမ့်တက်လာတယ်လေ
သွက်သွက်ကိုခါနေပြီပဲပြောတော့
ညဘက်မှန်ကြည့်ရမှာ ကြောက်ခြင်းနဲ့....
ကိုယ်ဘယ်သူ့မှမညာဘူး ဟုတ်တယ်
ကိုယ် စိတ္တဇ နာနေပြီ...


မြေနံ့
၁၈ ၂ ၂၀၁၃