Sunday, May 17, 2015

စလိမ်


ငါ အမှားတခု လုပ်ခဲ့မိတာထင်တယ်
ခေါင်းလောင်းသံတွေမမြည်တာ အတော်ကြာနေသလို
ကျောခိုင်းနေတဲ့ သစ်ပင်တွေသာ မြင်နေရတယ်
စမ်းချောင်းတွေဆီ သွားမယ်ဆိုတဲ့ လက်ကလေးတွေ
ငါ့ကို ဥပေက္ခာပြုခြင်းနဲ့မှ အဆင်ပြေမယ်လို့ တွေးမိတိုင်း
ငါ့စိတ်တွေကို ငါ့စိတ်တွေနဲ့ပဲ နာကျင်စွာ ဆုပ်ညှစ်မိတယ်
သတိရခြင်းတွေကို အိပ်မက်တွေထဲ အလုံပိတ်ပြီး ပြုံးဖြစ်အောင်နေရင်း
တစုံတယောက်ရဲ့ မျက်လုံးထဲက ကြယ်တွေ
တစုံတယောက်ရဲ့ စကားတွေထဲက ပျံသန်းနေတဲ့ ဌက်တွေ
တစုံတယောက်ရဲ့ မေ့လျော့ခြင်းထဲမှာ ငါ ဟာ တိမ်တွေကို ကိုက်ဖြတ်ရမှာပဲ
အရင်အတိုင်းဆိုတာ ပြန်ဖြစ်လာပါအုံးမလား
မိုးတွေအမြဲ ရွာနေတဲ့ အရပ်တွေ ဆီ သွားရမယ်
ငါ အရမ်း အတူရှိနေချင်ခဲ့သမျှက ငါ့မှာ လုံးချေခံရတဲ့ စက္ကူတွေပဲ
ဘဝကို တိတ်တိတ်လေးပဲ သွားစေချင်ခဲ့တာ
သွေးထွက်လွန်မှု့တွေကို ဒီမှာတင် ရပ်ပစ်ချင်ပြီ..

၂၅.၁.၂၀၁၅

Iltwucamsb,bitch …


ဘာတွေဖြစ်နေမှန်းမသိဆိုတာနဲ့ ပါးစပ်တွေဟာ
အလိုလို အဝှက်ခံလိုက်ရတယ်
လူတွေရဲ့ လမ်းဖြတ်ကူးပုံကိုကြည့်ပြီး
သူတို့ရဲ့ ပျော်ရွှင်မှု့အတိုင်းအတာကို တွေးနေဖြစ်ရင်း
မိုးသံတွေဟာ ပြေးထွက်သွားခြင်းအတွက် အကာအကွယ်ဖြစ်မယ်ဆို
သီချင်းတွေညည်းနေတဲ့ ဌက်တစ်ကောင်ဟာ
တောင်တန်းတွေပေါ်က တိမ်တွေဆီ
သူချစ်ရတဲ့ ကြယ်တွေအကြောင်း ပြောဖြစ်လိမ့်မယ်
ထွက်ခွာသွားတဲ့လူတွေဟာ တနည်းမဟုတ် တနည်းနဲ့တော့ ပျော်နေနိုင်မှာပါ
အိမ်မက်တွေထဲက နူးညံ့တဲ့ လက်ချောင်းလေးတွေကို
အမှောင်တွေထဲကနေ မျက်ခြေမပြတ်ကြည့်ရင်း ရွံပစ်လိုက်ဖို့ ကြိုးစားရတာ
ဖြစ်နိုင်ရင် ပြတင်းပေါက်တွေကို မဖွင့်လိုက်ပါနဲ့
တစုံတယောက်ကို မြင်ရရင်
သူမျက်ရည်ကျမိလိမ့်မယ် …။

မြေနံ့
၂၃.၁၀.၂၀၁၄

အအယအအလကလ


ဘဝမှာ ထွက်ပြေးနေရတဲ့ အချိန်တွေ များလွန်းတယ် ဆန်ဒါ ပြည့်ချင်နေခဲ့တဲ့ ဆုတောင်းတွေဟာ တဖြည်းဖြည်း အဓိပ္ပါယ်မဲ့လာရင်း အိမ်ပြန်မရောက်တော့ဘူးလို့ပဲ ထင်နေမိတဲ့ လူကော် စိတ်ကော် မိုးမိတဲ့ညတွေမှာ ရယ်သံတွေဟာ ငိုသံတွေထက် ပို ဝမ်းနည်းနေပုံပေါ်နေတဲ့လူ အရာရာဟာ ထင်သလောက်မလွယ်ကူခဲ့ဘူး သတိရလွန်ရောဂါရဲ့ လက္ခဏာ မိုးတွေ နည်းနည်း သည်းလာရင် သူ့မှာလုပ်စရာက တယောက်ယောက်ကိုလာစေချင်လွန်းလို့ တံခါးတွေပိတ်လိုက်တာပါ သိရဲ့လား ကြာတော့လည်း ကြောက်ရမှာကိုတောင် ကြောက်နေခဲ့ပြီ ဆက်နေဖို့က ရင်တွေနာလွန်းနေခဲ့ပြီ အိပ်မက်ထဲက တစုံတယောက်ရဲ့ ဂျစ်ကန်ကန် အသံလေး သူ့ကို မတွေ့ချင်ဘူးဆိုတာ သူ မယုံချင်ယောင်ဆောင်နေတဲ့ အဖြစ်မှန်ကို လက်ခံလိုက်တဲ့ အခါ မျက်ရည်တွေ တော်တော်ကျတယ် တကယ်ဆို စောစောကတည်းက ရူးနေလိုက်ရမှာ ပြီးပြည့်စုံစွာနဲ့ လှပနေမယ့် အရုပ်လေးကို  အဝေးကြီးက လက်တွေက အိမ်ဆိုတဲ့ စကားလုံး စိတ်ချပါ နောက်မရှိစေဖို့ကို အသက်နဲ့လဲပြီး သည်းခံပါ့မယ်တဲ့ ဆန်ဒါ …  

၉.၆.၂၀၁၄