ညတွေမှာ မိုးတွေရွာနေရင် မခံစားနိုင်ဘူးလို့ပြောတယ်
သစ်ရွက်တွေ ကြွေနေတာကိုလည်းတွေ့တယ်
ကြယ်တွေ မငိုတော့တဲ့ အသံကိုလည်းကြားတယ်
တစ်ယောက်ယောက်မှ ရှိမနေတော့တာလည်း သိတယ်
သိပ်ချမ်းနေမှာပဲ
သိပ်အထီးကျန်နေမှာပဲ
သိပ်သတိရနေမိမှာပဲ
မိုးစက်တွေ မြေပြင်ပေါ်ကျနေတဲ့အသံမှာ သူကြေကွဲတယ်
ကဗျာတစ်ပုဒ်ကိုဖြဲစုတ်ပစ်လိုက်ခြင်းနဲ့ မိုးစက်တွေကြောင့်
ဝါးနေတဲ့ မြင်ကွင်းကို အနက်ရောင်ခြယ်လိုက်တယ်
နာကျင်နေတဲ့ ကောင်းကင်က စကားလုံးတွေ တိတ်တော့
ထပ်မလိုချင်တော့ဘူး ထပ်မဖြစ်ပါရစေနဲ့တော့
မိုးတွေရွာနေတဲ့ သီချင်းတပုဒ်
မိုးတွေရွာနေတုန်း က သူ အိပ်မက်ထဲ သူရောက်နေတယ်
တိမ်တွေကို ထားခဲ့လို့
မိုးတွေ အရမ်း ရွာနေတဲ့အချိန်မှာ သူ ပြေးထွက်သွားခဲ့တာ…
မြေနံ့