Saturday, January 12, 2013

အချိန်စေ့သွားပြီ


သေလူတစ်ယောက်က လူသေအနံ့ကိုရနေတယ်
သင်းချိုင်းမြေမှာပျော်ပုံပဲ
ဘယ်သူမှမလာချင်တာကောင်းတယ်
ဘယ်သူမှမရှိတာကောင်းတယ်
ဘယ်သူမှမသိတာကောင်းတယ် တစ်ယောက်ပဲ…
သေဆုံးခြင်းကိုရူးသွပ်သလိုပဲလား
ဇောက်ထိုးလွင့်နေတဲ့ခံစားမှု့နဲ့
ခေါင်းကိုက်ခြင်းမှာကော်
မျက်ရည်ကျခြင်းမှာကော်
ရင်ဘတ်အောင့်ခြင်းမှာကော် ဆေးဖြစ်ပ့ါမလား…
ဘာတွေရှုပ်နေသလဲဆိုတာပြောပါ
ဘာတွေရှုပ်နေသလဲဆိုတာပြောပြချင်ပါတယ်
………………………………..
………………………………..
……………………………….. အိပ်ရတော့မယ်…။…။
မြေနံ့
၂၁.၉.၂၀၁၂