Saturday, January 12, 2013

လူကိုလူလို့ပဲမြင်ပါရန်


အထက်စီးဆန်တဲ့ လေသံဆိုတာ မသိတောင်မသိပါ ဆိုတော့လည်းမဟုတ်
ဝေဖန်ရေးကို အရေးမစိုက်ကြောင်းပြောရင်းနဲ့ပဲ ဝေဖန်ရေးကိုသွေးကြောင်
ဝေဖန်ရေးကိုအထင်လွဲ ဝေဖန်ရေးကိုဖျောက်ပစ် ဝေဖန်ရေးကိုထုတ်လို့မရဖြစ်နေ
စိတ်သဘောထားချင်းမတိုက်ဆိုင် ပြောချင်တာကိုမတွေးပဲ ကိုယ့်အတွေးနဲ့  ကိုသာထင်လား
လူတစ်ယောက် ကဗျာတစ်ပုဒ်ကို အဲ့ဒီလို ဖယ်ပစ်လိုက်ဖို့လွယ်လား…ပြီးသွားလိမ့်မယ်
တကယ်တော့ကျုပ်လွန်လိမ့်မယ် ကျုပ်ကလည်း ကျုပ်အဆင့်ကျော်သွားမိတယ်လို့
ခင်ဗျားကိုပြောလိမ့်မယ် ပြီးရင် ဖြစ်သင့်တာတွေ ဆက်ဖြစ်သွားလိမ့်မယ်
ဒါပေမယ့် ခင်ဗျားစိတ်က အဲ့ဒီလောက်တောင်မရှိပါလား
ခင်ဗျား သိပ်ရယ်စရာ သနားစရာပါလား
အဲ့ဒီတော့ ကျုပ်ရယ်လိုက်တယ် ခင်ဗျားကို သနားမိတယ်
ခင်ဗျားလည်း ကျုပ်ကိုပြန်ရယ်ပါ ပြန်သနားပါ
ဘာကြောင့်လဲ ဆိုတာကိုတော့ ခင်ဗျားသိမှာပါ
ကျုပ်ကတော့ ခင်ဗျားကြောက်လို့ ပြေးသွားတယ်လို့ ပဲ မြင်ပါတယ်…ပြီးသွားပြီ…။
မြေနံ့
၂၅.၁၀.၂၀၁၂

အချိန်စေ့သွားပြီ


သေလူတစ်ယောက်က လူသေအနံ့ကိုရနေတယ်
သင်းချိုင်းမြေမှာပျော်ပုံပဲ
ဘယ်သူမှမလာချင်တာကောင်းတယ်
ဘယ်သူမှမရှိတာကောင်းတယ်
ဘယ်သူမှမသိတာကောင်းတယ် တစ်ယောက်ပဲ…
သေဆုံးခြင်းကိုရူးသွပ်သလိုပဲလား
ဇောက်ထိုးလွင့်နေတဲ့ခံစားမှု့နဲ့
ခေါင်းကိုက်ခြင်းမှာကော်
မျက်ရည်ကျခြင်းမှာကော်
ရင်ဘတ်အောင့်ခြင်းမှာကော် ဆေးဖြစ်ပ့ါမလား…
ဘာတွေရှုပ်နေသလဲဆိုတာပြောပါ
ဘာတွေရှုပ်နေသလဲဆိုတာပြောပြချင်ပါတယ်
………………………………..
………………………………..
……………………………….. အိပ်ရတော့မယ်…။…။
မြေနံ့
၂၁.၉.၂၀၁၂

sedative n benjamin


လူတွေနဲ့ သိပ်မပတ်သက်ချင်သလိုစိတ်တွေ တစ်ခါတစ်လေဖြစ်လာ
တစ်ခုခုကို ကောင်းစေချင်တဲ့စိတ်တွေ တစ်ခါတစ်လေဖြစ်လာ
ကောင်းတဲ့လူတစ်ယောက်ရဲ့ စိတ်တွေ တစ်ခါတစ်လေဖြစ်လာ
မေ့ခွင့်ပေးပါ မှားခွင့်ပေးပါ လွတ်လပ်ခွင့်ပေးပါ
ထွက်ပြေးချင်တဲ့စိတ်တွေ …
ပုံမှန်အတိုင်းသာဖြစ်ချင်ပါတယ် ဖြစ်ပါရစေ
ပျောက်ကွယ်ချင်တဲ့စိတ်တွေ…
မသွားပါရစေနဲ့ မသွားချင်ဘူး
ဘာလို့ပြေးနေရမှန်းမသိတဲ့အရာတွေကို လူတွေလိုက်နေကြတာဘာလို့လဲ
ဘာလုပ်ခဲ့မိမှန်းမသိ ဘာကြောင့်အမုန်းခံနေရလဲမသိ
ဘာအဓိပ္ပါယ်တွေနဲ့လည်းမသိ မသိ မသိ ဘာမှမသိ
အဲ့ဒီ ဘာမှမသိတဲ့အရာတစ်ခုကို ဘာလို့သိဖြစ်နေခဲ့သလဲ
ဘာကြောင့်နေနေခဲ့သလဲ…အတ္တရူးနေလို့ပဲ
ပါးသိုင်းမွှေးနဲ့ မျက်လုံးနက်တွေကြောင့်ပဲ
တစ်လမ်းတည်း သွားလို့မရလို့ပဲ
အသံထွက်လို့မရလို့ပဲ ဂျေရုဆလင်…
ထပ်ပြောလို့လည်း သက်ပြင်းတွေသာရှိတဲ့အခါ
လက်တွေတိတ်သွားတယ်…
မြေနံ့
၂၁.၈.၂၀၁၂