ဆောင့်ပိတ်ခံလိုက်ရတဲ့ တံခါးဟာနာကျင်နေတုန်း
တချို့လူတွေရဲ့ တဆတ်ဆတ်ခါမှု့တွေကို ငါထိုင်ရယ်မိတယ်
ဘုရားသခင်က ငါ့ကိုမတရားဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့်
အချိန်တိုင်း မွန်းနေသလိုခံစားရမှု့တွေအတွက်
မျက်လုံးထဲဝင်သွားတဲ့ ကျည်ဆံတွေပြန်မထွက်တာ ငါပဲသိတယ်
ဘဝမှာအလိုအပ်ဆုံးက hansaplast တွေပဲဖြစ်ခဲ့ရတာ
မိုးရွာတဲ့ညတွေမှာ ငါ မရှိတော့ဘူး
စောက်ရမ်းအငိုသန်ပြီး လူမသိအောင်
အံ့ကြိတ်နေတတ်တဲ့ ကလေးအဖြစ်က
စိတ်တွေ ပုံပျက်ပန်းပျက် နူးညံ့ခဲ့တာတွေဟာ
အဲ့လို နံရံတွေကနေ ငါ့အိပ်ရာပေါ်အမာရွတ်တွေကုတ်ခြစ်ဆင်း ပြီး
မှောင်လိုက်ရသလို
မချစ်တော့တဲ့လူတယောက်အကြောင်းတွေးရင်း
လက်တွေကွဲကြေရတာ
တချို့နေ့တွေမှာ
ခဏအိပ်လိုက်အုံးမယ်ဆိုတဲ့ စကားကို
ကြောက်လန့်တကြား
လှမ်းဆွဲထားမိတယ်
ငါပြန်လာတော့
ငါ့အခန်းက
ငါထားခဲ့သလို မဟုတ်တော့ဘူး ... ။