Saturday, November 28, 2015

Crash – sum 41


"နင်နဲ့အတူ အသက်တွေကြီးသွားချင်တာ ဒါပေမယ့် အဲ့ဒါဟာ ဖြစ်လာမှာ မဟုတ်တော့ဘူး "

သူပိုက်ဆံတွေ ရေတွက်နေတုန်း သူ့ဘေးနားကနေ လေယာဉ်တစ်စင်းပြီး တစ်စင်း ဖြတ် ပျံ/ပြန် သွားကြတယ်သတိရတယ်ဆိုတာ နာကျင်မှု့မရပ်တဲ့ လက်ချောင်းထိပ်လေးတွေပဲ ဖြစ်လိမ့်မယ် သူချစ်ရတဲ့သူတွေအနား သူမရှိနိုင်ပဲ အဝေးဆိုတဲ့နေရာကနေ ရှင်သန်ဖြစ်ခြင်းမှာ လျှောက်နေကျလမ်းထဲ သစ်ရွက်တွေပိုကြွေတဲ့ ညနေတခုလို WTFတွေဟာများလွန်းနေခဲ့တယ် ကြယ်တွေဟာ မျက်နှာပျက်လို့ ပိတ် ပိတ်ပစ်လိုက်ရတဲ့ မျက်ရည်တွေနဲ့ ပန်းချီကားထဲက ကြောက်လန့်ခြင်းပြ အရောင်တွေ သူဆီလာစင်နေတယ် သွားတွေကချွန်တော့ ထိုးမိကုန်တယ်ဆိုတဲ့ စကားလေးကို msg box ထဲက ပြန်ရှာဖတ်မိချိန်တွေဆိုရင်တော့ တတ်နိုင်သလောက် ပြုံးဖြစ်တယ် ကိုယ့်ရဲ့ဝဠ်ပဲပေါ့ ကလေးရယ်လို့် သူရေရွတ်ရင်း သွေးစက်လက်တစ်ယောက်တည်း ညတွေကို ကျေနပ်နေလိုက်တာပါပဲ  သူ့ဘဝမှာ ဘာတွေမှ မဖြစ်မနေ မလိုတော့ တစ်နေ့တော့ ဆိုတာတွေလည်း သူ့မှာဖြစ်မလာနိုင်တော့ ဟိုးနေရာက အစိမ်းရောင်ရှု့ခင်းတွေပဲ ငေး ငေး ရင်း                  Alaska ဆီမရောက်တော့တဲ့ အိပ်မက်အပျက်တွေနဲ့ သူမရှိတော့ရင်တောင် သူရှိနေအုံးမယ် …

မြေနံ့
၂၆.၁၁.၂၀၁၅

ပြန်စာ


လူကောင်းမကောင်းမသေချာပေမယ့်
အခုတလော စိတ်မကောင်းတာတွေများနေတာတော့ အမှန်ပဲ
chandelier သီချင်းကော် miley cyrus ကိုနာကျင်နေတယ်ထင်မိတာနဲ့ကော်
already home mtv အဲ့လိုနဲ့ တခုပြီး တခုမှာ ဘာကို သတိရလို့ရမှန်းမသိတဲ့ စိတ်တွေနဲ့
ရေချိုးခန်းအကြောင်းလည်း အများကြီး စဉ်းစားဖြစ်နေတယ်
ဓားလှလှလေးတွေလည်း သဘောကျမိနေတယ်
ဆေးတွေတော့ မသောက်ဖြစ်တော့ဘူး
အရင်တုန်းက ရောဂါတွေ ပြန်ဖေါက်နေတယ်
ခြေထောက်ကိုက်တာတို့ ခေါင်းတခြမ်းကိုက်တာတို့ပေါ့
တခါတလေ ဘဝက ရယ်စရာကောင်းသလိုပဲ
ငါ့ အဘွားအသက် ၇၀ ကျော်မှ သုံးစွဲဖြစ်တဲ့ဆေးတွေကို ငါအခုအသက်နဲ့ သုံးနေရတယ်
ငါ့ အဘိုး အသက် ၇၀ ကျော် မှ လမ်းလျှောက်လို့ အဆင်မပြေစဖြစ်ပေမယ့်
ငါ့ မှာ တော့ စိတ်လှုပ်ရှားတိုင်း စိတ်မကြည်တိုင်း
ကိုယ့် ခြေထောက်ကို ကိုယ်ပြန်မခံစားနိုင်ဖြစ်တယ်
စိတ်အတက်အကျကိုလိုက်ပြီး သီချင်းအော်ဆိုသံတွေနဲ့
လူတွေတော့ ငါ့ကို ပျော်နေတယ် ထင်နေကျတယ်
ငါ့လည်း ငါ့ကိုယ်ငါ ပျော်နေတယ် ထင်ချင်တယ်
နာကျင်စရာတွေဟာ လုံလောက်သွားပြီမို့
အိမ်ကိုပြန်ကြပါစို့ ညီမလေး ဆိုတဲ့ စကားကို ခဏ ခဏ ကြားယောင်မိနေတယ်
နားတွေက တခုခုရောက်လာမှကြောက်နေကျတယ်
ဂေါက်ပြီးတော့ အတိတ်မေ့သလို ဘာလိုနဲ့ နောက်ဘဝထိ msg တွေလည်း ပို့မိတယ်
အိပ်မက်တွေထဲ ထိ ထိတ်လန့် နေမှု့တွေ ခြောက်ခြားလို့
အခုလောက်ဆို သိမှာပါ ငါအခုတလော ကဗျာလည်းပြန်ရေးဖြစ်နေတယ်

မြေနံ့
၁၄  ၁၀ ၂၀၁၅