လုံလောက်ပါတယ်ပေါ့ တမိုးလုံးစောင့်နေခဲ့တယ်
ရူးနေတဲ့လူက see ya ဆိုတာ နှုတ်ဆက်ရင် ပြောနေကျစကားလို့ဘယ်သိပါ့မလဲ
စနေနေ့တိုင်းဟာ သူချစ်တယ်လို့ သူကထင်နေတဲ့လူတယောက်ကို … … …
စိတ်မကောင်းဖြစ်နေတာကို တတ်နိုင်သလောက်ဖုံးထားတယ်
ဘာတွေခံစားနေတာလဲမေးရင် ဘာမှမခံစားပါဘူးပဲဖြေတယ်
တစ်ယောက်တည်းအကြာကြီးထိုင်ရင်း
စိတ်ထဲမရှိတဲ့စကားတွေပြောရင်း
ရယ်နေရရင် ဘဝမှာ အနာကျင်ဆုံးဖြစ်ရင်း
တွေ့သမျှသစ်ပင်တွေကိုမေးတယ် အချိန်အတော်ကြာဆိုတာ
နှစ်ရက်လား တစ်ပတ်လား ဒါမှမဟုတ် နောက်လ၂၀ကျော်လား
ဒါမှမဟုတ် အဲ့ထက်ပိုကြာမှာလား
တံခါးတစ်ချပ် messageတစ်စောင် သီချင်းတစ်ပုဒ်
မသွားပါနဲ့လို့ပြောရတဲ့ ခံစားချက်ကိုမုန်းမိတယ်
တိတ်ဆိတ်နေတဲ့ သစ်ရွက်တွေကို ရေကြည့်နေတယ်
နင့်ကို သိပ်ချစ်လာပြီဆို ငါဟာကြောက်ဖို့ကောင်းလာတယ်
တကယ်ဆိုထွက်ပြေးဖို့အသင့်အနေအထားနဲ့လူက ရယ်ရပါတယ်
မပျော်တော့ရင် ငါ့ကိုနိုးပါ … … …
မြေနံ့
၂၀.၃.၂၀၁၄