Friday, November 15, 2013

Fuckin' crazy ဆိုတဲ့စကားစုမှာ အတိတ်တွေ အများကြီးပါနေလို့ သတိထားသုံးပါ


ပထမကတော့ အရှုံးသမားတွေနေတဲ့ ရွာလေးဆီက နွေးထွေးစွာ ကြိုဆိုပါသည်ပေါ့
ရေပြင်ကို ကြည့်နေရတာထက်ပိုတဲ့ အပြုံးတွေ ငါ့မှာမရှိဖူးဘူး
မကြာခင် မှောင်လာတော့မယ် သေပါစေ ဆိုပြီး ထွက်လာခဲ့တာ
ငါ့ချစ်ရတဲ့သူ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ အသိမျိုးနဲ့ အိမ် ဘယ်တော့ပြန်ရမလဲ
ဒီဇင်ဘာရက်တစ်ရက်မှာ ငါ့ကိုယ်ငါ ခွင့်မလွတ်နိုင်မယ့် အမှား ငါ ဖြစ်ခဲ့တယ်
တကယ်ဆို စောင့်နေခဲ့တာပေါ့ ထွက်ပြေးခြင်းကို မျှော်လင့်ခြင်းလို့ အသံထွက်ဖတ်ပေးပါ
!  သေခြင်းတရားကိုပဲ ခေါင်းကိုက်ပျောက်ဆေးအဖြစ် သုံးလိုက်တယ် !
အဲ့ညမှာ မီးခိုးတွေ ပဲ ရှိနေတယ် ဘယ်လိုပဲဖြစ်ဖြစ်မထားသွားနိုင်တာကို 
ဘာတွေပဲဖြစ်ဖြစ်ရှိနေမှာပါဆိုတာကို
ဘာကြောင့်ပဲဖြစ်ဖြစ် "နင်ပြောချင်တာကိုငါသိပါတယ်" ဆိုတဲ့ နင့်စကားက 
ငါ့အတွက် အကောင်းဆုံးဟာသတစ်ခုဖြစ်တာကို
တွဲလောင်းဖြစ်နေတဲ့ ကြိုးတွေအကုန်လုံးကို ဖြုတ်လိုက်မှ ဖြစ်မယ်
အိပ်ရာကနိုးလာတိုင်း အသက်ရှိနေသေးပါလား ဆိုတဲ့အသိက မသက်မသာဖြစ်လွန်းရတယ်
မှတ်မိသေးလား တစ်ယောက်နဲ့တစ်ယောက် လိုအပ်ငြိတွယ်စောင့်မျှော်နေခဲ့တာတွေ
အနောက်ပဲဆုတ်မယ်တဲ့ ဘာတွေပဲဖြစ်ဖြစ်တဲ့ ရှေ့ဆက်မတိုးဘူးတဲ့
ငါ့မှာ နင့် နဲ့ စကားမပြောရတော့ရင် ဘယ်လိုရှင်သန်နေရလဲ သိရဲ့လား
ဒါပေမယ့် ထားလိုက်ပါတော့လို့သာ ထားလိုက်မှပဲ ဖြစ်တော့မယ့် အခြေအနေတွေပဲလေ
အခုဆိုစိတ်ကျချိန်တွေမှာ မသတ်သေဖြစ်သေးသရွေ့ 
လူတစ်ယောက် အချိန်ဘယ်လောက်ကြာကြာ 
ဆက်တိုက်ငိုနေဖြစ်သလဲဆိုတာပဲ စမ်းသပ်နေတော့တယ်
ပြောချင်တဲ့ စကားလုံးတွေက မျက်ရည်တွေ ဖြစ်သွားပုံပဲ
ရယ်လိုက်တယ် ဘယ်သူကယုံမှာလဲ အိမ် ဆိုတဲ့ စကားလုံးဆီက ငါ့ ခံစားမှု့ကို …

!       !  …   စာအုပ်တစ်အုပ်ထဲမှဖြစ်သည်

မြေနံ့
၆၊၁၁၊၂၀၁၃